DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ ပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု သူရဦးရွှေမန်း ပြော
DVB
·
November 18, 2014
၂၀၁၅ ရွေးကောက်ပွဲ ပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု သူရဦးရွှေမန်း ပြော
Donate to DVB

Shwe Man Press Release 18112014၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက အောက်တိုဘာ ၁၈ ရက် နေပြည်တော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် မေလမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒ ခံယူကာ ရလဒ်ကို ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပသွားမယ်၊ ရွေးကောက်ပွဲအပြီး ၂၀၁၆ လွှတ်တော် ဒုတိယသက်တမ်း ပြန်စတဲ့အချိန်မှ အဲဒါကို အတည်ပြုမယ်၊ ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေနဲ့ပဲ သွားမယ်လို့လည်း ဆိုပါတယ်။

ပုဒ်မ ၄၃၆နဲ့ ၅၉ (စ) ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အများသဘောနဲ့သာ ဆိုင်တဲ့အကြောင်းနဲ့ လက်ရှိ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးချက်တွေတော့ ဒီအတိုင်းထားရှိမှာ ဖြစ်တယ်လို့ လွှတ်တော်အကြီးအကဲက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013