DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ရေကြီးမှု လူ ၈၀ ကျော်သေဆုံး၊ မိုးထပ်ရွာနိုင်ဟု သတိပေး
DVB
·
July 7, 2025
တက္ကဆက်ရေကြီးမှု လူ ၈၀ ကျော်သေဆုံး၊ မိုးထပ်ရွာနိုင်ဟု သတိပေး
Donate to DVB

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်အလယ်ပိုင်းက ရေကြီးရေလျှံမှုတွေကြောင့် လူ ၈၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ခါးမြို့နယ်က ကလေး ၂၈ ယောက်ထက်မနည်း ပါဝင်ပြီး နွေရာသီ အပန်းဖြေစခန်း ကမ့်ပ်မစ္စတစ်ခ်က မိန်းကလေး ၁၀ ယောက်နဲ့ အတိုင်ပင်ခံတယောက်တို့ ပျောက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူဒါဇင်များစွာ ပျောက်ဆုံးနေသေးပြီး ရေကြီးရေလျှံမှု အန္တရာယ် ရှိနေဆဲလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရဒ် အက်ဘော့ထ်က ပြောပါတယ်။

နေရာအများအပြားမှာ မိုးပိုလာလို့ ရုတ်တရက် ရေကြီးမှုဟာ တက္ကဆက်ပြည်နယ်ရဲ့  အစိတ်အပိုင်းတွေအတွက် အန္တရာယ်တခုအဖြစ် ဆက်ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ခါးမြို့နယ်က ဟန့်ထ် ရပ်ကွက်တာဝန်ရှိသူတွေက ဇွန် ၇ ရက် မွန်းလွဲပိုင်းမှာ ရေကြီးလာနိုင်လို့ ကုန်းမြင့်ဆီရွှေ့ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ခါးမြို့နယ်က တာဝန်ရှိသူတွေဟာ အရင်က ရေလွှမ်းမိုးမှု သတိပေးချက် ဥသြသံတွေ တပ်ဖို့ စဉ်းစားခဲ့ကြပေမဲ့ အစီအစဥ်က အကောင်အထည် မပေါ်ခဲ့ပါဘူး။

အမျိုးသားမိုးလေဝသဌာနက မုန်တိုင်းမတိုက်မီ သတိပေးချက် ထုတ်ပြန်ထားပေမဲ့ အေဂျင်စီ ဝန်ထမ်းတွေနဲ့ ဘေးအန္တရာယ်ကျရောက်ချိန်မှာ ဒေသခံတွေဆီ ဆက်သွယ်နိုင်စွမ်းတွေအတွက် မေးခွန်းတွေ ဝိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013