DVB Logo
Home
မြန်မာသတင်း
ဆွေးနွေးမည် မဟုတ်ဟု သပိတ်မှောက် ကျောင်းသားများ တုံ့ပြန်
DVB
·
November 18, 2014
ဆွေးနွေးမည် မဟုတ်ဟု သပိတ်မှောက် ကျောင်းသားများ တုံ့ပြန်
Donate to DVB

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ရင် ပင်မ ဥပဒေကို ပြင်ဆင်မှ ရမှာ ဖြစ်ပြီး နည်းဥပဒေမှာ ပြင်ဆင်ပါက ရှေ့နဲ့ နောက် ဆန့်ကျင်ဘက်တွေ ဖြစ်လာနိုင်တယ်လို့ သပိတ်မှောက်ကျောင်း သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ပြောပါတယ်။

10383629_800511393320696_8700151484447765881_nအမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို တက္ကသိုလ် အာဏာပိုင်တွေက လာရောက် ညှိနှိုင်းခဲ့ပြီး ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို နည်းဥပဒေမှာ ညှိနှိုင်းဆောင်ရွက်ပေး မယ်လို့တုန့်ပြန်ထားတာပါ။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက မဖြိုးဖြိုးအောင်က “နည်းဥပဒေမှာ ဘယ်နည်းနဲ့မှ သွားညှိလို့ မရဘူး။ အဲဒါ အဓိက ပြဿနာပဲ ကျမတို့ လိုချင်တာက နည်းဥပဒေမှာ ညှိဖို့ မဟုတ်ဘူး။ အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်ဖို့ နည်းဥပဒေမှာ လာညိဖို့ကတော့ တွေ့ဆုံဆွေးနွေးမှု လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဥပဒေပြုရေးအာဏာဟာ လွှတ်တော်မှာ ရှိတဲ့အတွက် ကျောင်းသား လူငယ်များရဲ့ ဆန္ဒနဲ့ သဘောထားများကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများထံ တင်ပြ ဆွေးနွေးနိုင်ဖို့ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက အကျိုးဆောင်အဖြစ် စေ့စပ် ညှိနှိုင်းပေးဖို့ အဆင့်သင့်ရှိတဲ့အကြောင်း ကျောင်းသားတွေကို ကမ်းလှမ်းထားပါတယ်။

ဒါ့ပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ကျောင်းသားတွေ ကန့်ကွက်နေတဲ့ ပညာရေးဥပဒေ လွှတ်တော်ကို တင်သွင်းပါက ဆောင်ရွက်ပေးမယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ မီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ကျောင်းသားတွေဟာ ပညာရေးဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာနေရာတွေမှာ ၄ ရက်ကြာ သပိတ်တိုက်ပွဲ ဆင်နွှဲနေခဲ့ကြပြီး နိုဝင်ဘာ ၁၆ ရက်နေ့က တက္ကသိုလ် အာဏာပိုင်တွေက လာရောက် ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရရှိခဲ့ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013