DVB Logo
Home
နိုင်ငံတကာ
သမ္မတလစာ ၂ ဆ တိုးယူမည့် ကြေညာချက်အပေါ်  ပီရူးပြည်သူများ ကဲ့ရဲ့ ပြစ်တင်
DVB
·
July 5, 2025
သမ္မတလစာ ၂ ဆ တိုးယူမည့် ကြေညာချက်အပေါ်  ပီရူးပြည်သူများ ကဲ့ရဲ့ ပြစ်တင်
Donate to DVB

ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ သူ့လစာငွေကို ဒေါ်လာ ၁၀,၀၀၀ နဲ့ ညီမျှတဲ့ပမာဏအထိ ၂ ဆ တိုးမြှင့်မှာ ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးက ဇူလိုင် ၂ ရက်နှောင်းပိုင်းမှာ ကြေညာခဲ့အပြီးမှာ ပီရူးနိုင်ငံသား အများအပြား ဒေါသထွက်ခဲ့ကြပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ ငွေကို အကျိုးရှိရှိ သုံးသင့်တယ်လို့ ပြောကြပါတယ်။ 

သမ္မတ ဘိုလွာတေးရဲ့ လစာငွေကို ပီရူးနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခထက် အဆ ၃၀ လောက်အထိ တိုးမြှင့်မှုကို အစိုးရအဖွဲ့က အတည်ပြုထားပြီးဖြစ်ကြောင်းနဲ့ အမိန့်ဟာချက်ချင်း အသက်ဝင် သင့်တယ်လို့လည်း စီးပွားရေးဝန်ကြီးက ပြောဆိုပါတယ်။ 

သမ္မတ ဘိုလွာတေးဟာ လာမယ့်ဧပြီလမှာ ကျင်းပဖို့ လျာထားတဲ့ သမ္မတရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ သူ့ရဲ့သက်တမ်းကို အဆုံးသတ်ဖို့ စီစဉ်ထားတာပါ။ 

ပြည်သူ့ဆီမှ ထောက်ခံမှုအနည်းဆုံး ရရှိထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ တယောက် အပါအဝင် ဖြစ်တဲ့ သမ္မတ ဘိုလွာတေးဟာ အရင်လစာငွေ ပီရူးငွေကြေး ၁၅,၆၀၀ (ဒေါ်လာ ၄,၄၀၀) ကနေ ၂ ဆ တိုးပြီး  ၃၅,၅၆၈ ဆိုလ်း (ဒေါ်လာ ၁၀,၀၆၇) ရမှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရိုက်တာနဲ့ စကားပြောဖြစ်ကြတဲ့ ပီရူးပြည်သူတွေကတော့ အထင်ကြီးခြင်းမရှိဘဲ ပီရူး တနိုင်ငံလုံး အလွန်အမင်း ဆင်းရဲမွဲတေနေတာကို သမ္မတက နမူနာကောင်းပြဖို့ လိုတယ်၊ ရာထူးက ဆင်းကာနီးမှာ လစာတိုးယူချင်နေတာ ရီစရာကောင်းတယ်လို့လည်း ဆိုကြပါတယ်။

သမ္မတအနေနဲ့ လစာတိုးယူနေဖို့ မလိုအပ်တော့ဘဲ ဆေးရုံတွေနဲ့ နေမကောင်း ဖြစ်နေတဲ့ ကလေးတွေကို ကူညီသင့်ပါတယ်လို့ ဝေဖန်ကြပါတယ်။ 

အတိုက်အခံလွှတ်တော်အမတ် ဟိုင်မယ်ကီတိုကတော့ လစာတိုးမြှင့်မှုကို ဖျက်သိမ်းဖို့ ကွန်ဂရက် လွှတ်တော်အတွင်းမှာ အကြံပြုချက် တခုကို တင်သွင်းဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

သမ္မတ ဘိုလွာတေးဟာ ရိုးလက်စ် နာရီတွေအပါအဝင် တရားမ၀င် ချမ်းသာကြွယ်ဝမှု စွပ်စွဲချက် တွေ အပါအဝင် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ 

ဒါ့အပြင် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဲနဲ့ စစ်တပ်ရဲ့ တုံ့ပြန်မှုကို ကြီးကြပ်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေး ခံခဲ့ရပါတယ်။

အသက် ၆၃ နှစ်ရှိ ဘိုလွာတေးကတော့ ဘာအမှားအယွင်းမှ မလုပ်ထားကြောင်း ငြင်းဆိုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013