DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ ၀န်ကြီးချုပ်လေယာဉ် နေပြည်တော်တွင် ၉၂ မိနစ် စောင့်ခဲ့ရ
DVB
·
November 18, 2014
အိန္ဒိယ ၀န်ကြီးချုပ်လေယာဉ် နေပြည်တော်တွင်  ၉၂ မိနစ် စောင့်ခဲ့ရ
Donate to DVB

[caption id="attachment_71321" align="alignright" width="250"]အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီ အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီ[/caption]

အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီရဲ့ အဲအိန္ဒိယ-၀မ်း လေယာဉ်ဟာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ကို ဆက်လက် မထွက်ခွာရသေးခင် လေယာဉ်ဆီဖြည့်ရာမှာ နှောင့်နှေးမှု ကြောင့် နေပြည်တော်လေဆိပ်မှာ ၉၂ မိနစ်လောက် အချိန်စောင့်လိုက်ရတယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခွဲမှာ နေပြည်တော်က ထွက်ခွာဖို့ စီစဉ်ထားတဲ့ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ လေယာဉ်ခရီးစဉ်ဟာ လေဆိပ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ နှောင့်နှေးခဲ့ရပြီးနောက် ည ၁၁ နာရီ ၂ မိနစ်မှာမှ ထွက်ခွာခဲ့ရပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လေယာဉ်ကို ဆီဖြည့်ပေးဖို့ မြေပြင်တာဝန်ရှိသူရဲ့ နှောင့်နှေးမှုကြောင့်ရယ် ပစ္စည်းပစ္စယ မပြည့်စုံမှုတွေကြောင့်ရယ် ၉၂ မိနစ်လောက် အချိန်နောက်ကျသွားခဲ့ရတာပါ။ ဒီအကြောင်းကို သံရုံးနဲ့ အထူးကာကွယ်ရေးအဖွဲ့ SPG ကိုလဲ သတင်းပို့ထားပါတယ်” လို့ အဲအိန္ဒိယလေကြောင်းအရာရှိတဦးက ပြောပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့ အာရှထိပ်သီး အစည်းအဝေးပွဲတွေကို တခြားဒေသတွင်းခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ဖို့ နေပြည်တော်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013