DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဘိုးအင်းကုမ္ပဏီနှင့် အဲမန္တလေးတို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ ရေးထိုး
DVB
·
November 18, 2014
အမေရိကန် ဘိုးအင်းကုမ္ပဏီနှင့် အဲမန္တလေးတို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ ရေးထိုး
Donate to DVB

အမေရိကန်ပြည်ထောင်စု လေယာဉ်ကော်ပိုရေးရှင်းတခုဖြစ်တဲ့ ဘိုးအင်းကုမ္ပဏီက မြန်မာလေကြောင်းလိုင်းတခုဖြစ်တဲ့ အဲမန္တလေးအုပ်စုကို အားဖြည့်လုပ်ဆောင်ပေးမယ့် စီမံကိန်းတွေအတွက် ကူညီပံ့ပိုးပေးဖို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

[caption id="attachment_71309" align="alignright" width="400"]ဓာတ်ပုံ - Air Mandalay ဓာတ်ပုံ - Air Mandalay[/caption]

ဘိုးအင်းကုမ္ပဏီဟာ အဲမန္တလေးကို လေကြောင်းတိုးချဲ့ခြင်းအတွက် ကူညီထောက်ပံ့တဲ့ အနေနဲ့ လေကြောင်းလိုင်းအငှားချဖို့ လေယာဉ်အမျိုးအစား Next Generation 737 ကို ကူညီပေးမှာဖြစ်ပါတယ်။

အဲမန္တလေးရဲ့အကြီးအကဲ ဒါတိုအာဒမ်ထွန်းက “မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာပြီး လေကြောင်းခရီးသွားလာရေးလည်း များလာတာ ကြောင့် ဒီ 737 တွေက တိုင်းပြည်ဖွံ့ဖြိုးရေးနည်းဗျူဟာတွေကို အထောက်အပံ့ဖြစ်စေဖို့ ကျနော်တို့ကို အားဖြည့်ပေးတာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချဲကတော့ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀တွေ ဘေးကင်းလုံခြုံ အဆင့်အတန်း မြင့်ဖို့ ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန်ကုမ္ပဏီ တွေရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်အစိုးရက အားပေးကူညီနေတာ ဖြစ်ပြီး အဲမန္တလေးနဲ့ ဘိုးအင်းတို့ အခုမှစ အပြုသဘောဆောင် အပြန်အလှန် လက်တွဲပူးပေါင်းကြတာကို ၀မ်းမြောက်ကြောင်း ဆိုပါတယ်။

ရန်ကုန်အခြေစိုက် အဲမန္တလေး လေကြောင်းဟာ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၆ ရက်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းဖြစ်ပြီး အဓိက ပြည်တွင်း ခရီးစဉ် တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ပြေးဆွဲခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013