DVB Logo
Home
မြန်မာသတင်း
မြေစာရင်းရုံးက ရောင်းစားထားသည့်လယ်မြေများ ပြန်ရရေး လယ်သမားများ ဆန္ဒပြ
DVB
·
November 18, 2014
မြေစာရင်းရုံးက ရောင်းစားထားသည့်လယ်မြေများ ပြန်ရရေး လယ်သမားများ ဆန္ဒပြ
Donate to DVB

ပဲခူးတိုင်း နတ္တလင်းမြို့နယ်မှာ မြေစာရင်းရုံးက ရောင်းစားထားတဲ့ လယ်တွေ ပြန်လည်ရရှိဖို့ အတွက် လယ်သမား ၂၀၀ ကျော်က မြေစာရင်းရုံးရှေ့နဲ့ လူစည်ကားရာလမ်းတွေမှာ နိုဝင်ဘာ ၁၇ ရက်နေ့က လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

nattlinသာယာဝတီခရိုင် နတ္တလင်းမြို့နယ်တွင်းက ဓမ္မငယ်၊ ဖလံပင်၊ ကြို့ပင်သာ၊ ရှားဆေးဖို စတဲ့ ကျေးရွာတွေမှာ ဓားမဦးချ လုပ်ကိုင်လာတဲ့ လယ်သမား ၁၂၃ ဦးပိုင် လယ်ဧက ၄၅၀ ဧကကို ၁၉၉၁ ခုနှစ်က ခမရ ၄ စစ်တပ်နဲ့ မြို့နယ်အတွင်းရှိ ဋ္ဌာနဆိုင်ရာပေါင်းစုံက သိမ်းယူခဲ့တာပါ။ အဲဒီနောက်မှာ ပြန်လည်စွန့်လွှတ်လိုက်ပေမယ့် မူလ လယ်သမားတွေ ပြန်လည်မရရှိပဲ မြို့နယ်မြေစာရင်းရုံးက ရောင်းစားလိုက်တာနဲ့ စာရင်းငှားချထားတွေကြောင့် အကြိမ်ကြိမ် တိုင်ကြားခဲ့ပေမယ့် မရရှိတာကြောင့် အခုလို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လယ်ယာမြေစုံစမ်းရေးကော်မရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်အထိ တက်တိုင်ပေမယ့် ထူးခြားမလာလို့ ဆန္ဒပြရခြင်းဖြစ်တယ်လို့ လယ်သမားတယောက်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာ လမ်းကြောင်းတလျှောက်မှာ ရဲတပ်ဖွဲ့မှ ၅ ကြိမ် တားမြစ်ခဲ့ပြီး နတ္တလင်း ရဲစခန်းမှူးက ခွင့်ပြုမိန့် ပေးထားတာထက် ကျော်လွန်နေတာတွေကြောင့် အရေးယူမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013