DVB Logo
Home
မြန်မာသတင်း
ရက် ၆၀ အတွင်း လိုက်လျောရန် သပိတ်မှောက်ကျောင်းသားများ အစိုးရထံ တောင်းဆို
DVB
·
November 17, 2014
ရက် ၆၀ အတွင်း လိုက်လျောရန် သပိတ်မှောက်ကျောင်းသားများ အစိုးရထံ တောင်းဆို
Donate to DVB

ရန်ကုန်မြို့တွင်းလှည့်လည် လှုပ်ရှားနေတဲ့ အမျိုးသားပညာရေးဥပဒေ ဆန့်ကျင် သပိတ်တိုက်ပွဲကို ခေတ္တရပ်နားထားမှာဖြစ်ပြီး အစိုးရအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ပေးဖို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုလိုက်ပါတယ်။

10730902_799650740073428_1432575625271173064_nဗကသများအဖွဲ့ချုပ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက မဖြိုးဖြိုးအောင်က “ဒီသပိတ်တိုက်ပွဲကို ဒီထက်ပို ပြင်းထန်တဲ့ အင်အားကြီးတဲ့ အရှိန်အဟုန်မြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ ရက်ပေါင်း ၆၀ ကျမတို့ အစိုးရကို ရာဇသံ ပေးထားတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ ကျမတို့ တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်က ပြင်ဆင်ပေးတာ အာမခံချက်ပေးနိုင်တဲ့ တွေ့ဆုံမှုမျိုး ကြိုးစားတာမျိုး မပြုလုပ်ဘူး၊ ဘာအကြောင်း တစုံတခုမှ မပြန်လာဘူးဆိုလို့ရှိရင် ရက်ပေါင်း ၆၀ အတွင်း လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေမယ်၊ အဲဒီ ၆၀ နောက်ပိုင်းမှာ ဒီထက်ပိုပြီး အင်အားကြီးတဲ့ လှုပ်ရှားမှုမျိုး ဖိအားမျိုး ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျောင်းသားတွေဟာ ပညာရေးဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာနေရာတွေမှာ ၄ ရက်ကြာ သပိတ်တိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး မနေ့ကတော့ တက္ကသိုလ် အာဏာပိုင်တွေက လာရောက် ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရရှိခဲ့ကြပါဘူး။

ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့ အစိုးရကို အာဏာနဲ့ချုပ်ကိုင်ခွင့် ပိုပေးထားတဲ့ ပညာရေး ဥပဒေကို မလိုလားတဲ့အကြောင်း ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ထားတဲ့ အတွက် မလိုလား ကန့်ကွက်ခဲ့တယ်လို့ ကျောင်းသားတွေက ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသား ပြည်သူတွေကို အခြေမခံဘဲ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်သလို ကျောင်းသား ပြည်သူကို အခြေခံတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)ညီလာခံမှာ ရေးဆွဲထားတဲ့ မူဝါဒတွေကို ထည့်သွင်းရေးဆွဲဖို့လည်း ကျောင်းသားတွေက တောင်းဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ရန်ကုန် ဘုန်ကြီးလမ်း စံပြ ကားမှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့ကို ကျောင်းသား ၃၀၀ခန့်နဲ့ အပြင်အင်အားစုတွေ အပါအ၀င် ၅၀၀ ကျော်ခန့်က ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကြားက ဇူလိုင် ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013