DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မွေးကင်းစကလေးငယ် စွန့်ပစ်မှု များလာ 
DVB
·
July 2, 2025
ရန်ကုန်တွင် မွေးကင်းစကလေးငယ် စွန့်ပစ်မှု များလာ 
Donate to DVB

ရန်ကုန်မှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ၈ ကြိမ်ရှိခဲ့ပြီး အဆိုပါ ပြစ်မှုတွေကို ရဲတွေက အခုချိန်ထိ အရေးယူနိုင်တာမရှိဘူးလို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ရန်ကုန်မြို့လယ်ကောင် လသာမြို့နယ် ၁၈ လမ်းထိပ်မှာ ဇွန် ၃၀ ရက် နေ့လယ်က စည်ပင်အမှိုက်ပုံးအတွင်း ထဘီနဲ့ ပတ်ကာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ ကလေးရုပ်အလောင်းကို ရပ်ကွက်နေသူတွေက တွေ့ရှိပြီး လူမှုကူညီရေးအသင်းနဲ့ ဆက်သွယ်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ပေးရတယ်လို့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အဲဒီလို မြင်ကွင်းတွေ မမြင်ချင်ဘူး၊ ကြည့်လည်း မကြည့်ချင်ဘူး။ တာဝန်မယူနိုင်ရင် မမွေးနဲ့ပေါ့ဗျာ။ ပစ်လိုက်တိုင်း အမှိုက်ပုံတွေမှာချည်းပဲ။ ဒီလိုဖြစ်စဥ်တွေ ခဏခဏဖြစ်နေပေမယ့် ရဲတွေက အရေးယူနိုင်တာမရှိဘူး။ ရန်ကုန်မှာ အဲဒီလို စွန့်ပစ်တာ ၈ ကြိမ်ရှိပြီ။”

မွေးကင်းစ ကလေးငယ် စွန့်ပစ်ခြင်းရဲ့ နောက်ကွယ်မှာ ဆင်းရဲမွဲတေမှု၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာ အားနည်းမှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

“တချို့က နယ်က အလုပ်လာလုပ်တယ်။ ချစ်သူ ရည်းစားနဲ့ အတူနေတယ်။ ကောင်လေးက မယူဘူး။ ဖျက်လည်း မချရဲဘူး။ မိဘတွေလည်း မပြောရဲဘူး။ အဲဒီတော့ တနေရာမှာ သွားမွေးပြီး အဲဒီကလေးကို စွန့်ပစ်ကြတယ်။ တချို့က အလိုမတူဘဲ မုဒိမ်းကျင့်ခံရတယ်။ မွေးလာတဲ့ကလေးကို မလိုချင်ဘူး။ စွန့်ပစ်ကြတယ်။ ပြဿနာက မျိုးစုံပဲ။ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲ အသိပညာ အားနည်းမှုကြောင့် အခုလိုဖြစ်ရတာ။”

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်ကလည်း မရမ်းကုန်းမှာ မွေးကင်းစ ကလေးငယ် စွန့်ပစ်ခဲ့တဲ့အတွက် ရပ်ကွက်နေသူတွေက  ခိုင်နှင်းဝေ ဆီ ဆက်သွယ်အပ်နှံခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက်က တာမွေမြို့နယ် တာမွေပလာဇာရှေ့ရှိ အမှိုက်ပုံမှာ သေဆုံးနေတဲ့ မွေးကင်းစ ကလေးငယ် တယောက်ရဲ့ ရုပ်အလောင်းကို လာရောက်စွန့်ပစ်တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း ကျောက်တံတားမြို့နယ်မှာ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ၃ ကြိမ်နဲ့ လှိုင်သာယာမြိုနယ်မှာ ၁ ကြိမ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ နိုဝင်ဘာ ၅ ရက် မနက် ၇ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ၁၇ ရပ်ကွက်မှာ မွေးကင်းစကလေးငယ် တယောက် စွန့်ပစ်ခဲ့လို့ မိခင်နှင့်ကလေးအဖွဲ့က စောင့်ရှောက်ခဲ့ရပါတယ်။

ဒီလို မွေးကင်းစကလေးငယ်တွေ စွန့်ပစ်တာဟာ ရန်ကုန်တိုင်းတင်မကဘဲ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ကျိုက်ထို၊ မြိတ်၊ တောင်ငူ၊ မုံရွာနဲ့ ရေတာရှည်မြို့နယ်မှာ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013