DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသမီး ၁ ဦး  ထိုင်းထီ ပထမဆု ၁၀ စောင်ပေါက်ပြီး ဘတ်ငွေသန်း ၆၀ ရရှိ 
DVB
·
July 2, 2025
ရှမ်းအမျိုးသမီး ၁ ဦး  ထိုင်းထီ ပထမဆု ၁၀ စောင်ပေါက်ပြီး ဘတ်ငွေသန်း ၆၀ ရရှိ 
Donate to DVB

ဇူလိုင် ၁ ရက်က ထွက်သွားတဲ့ ထိုင်းအောင်ဘာလေထီပေါက်ဂဏန်း ပထမဆု ဂဏန်း ၉၄၉၂၄၆ ကို ထိုင်း-မြန်မာနယ်စပ်က ရှမ်းအမျိုးသမီးတယောက် ကံထူးစွာနဲ့  ၁၀ စောင်လုံး ပေါက်သွားပြီး ဆုငွေအားဖြင့် ဘတ်သန်း ၆၀  (  ဘတ်သိန်းပေါင်း ၆၀၀ ) ရရှိမှာ ဖြစ်ပါတယ်။

သူဟာ ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပိန်းလုံရွာမှာနေထိုင်တဲ့  ရှမ်းတိုင်းရင်းသူ ဖြစ်ပြီး စက်ချုပ်ဆိုင်နဲ့ အထည်ဆိုင်ဖွင်ထားကြောင်း၊  အလှူအတန်းရက်ရောသူ ရဟန်းအမတယောက် ဖြစ်ကာ အဆိုပါ ထီလက်မှတ်ကို  ဒီမတိုင်ခင်ရှေ့က ဘုရားဖူးသွားရင်း ဝယ်ယူခဲ့တာလို့  ချင်းမိုင်ရှမ်းအသိုက်အဝန်းမှ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။ 

ထီပေါက်ကြောင်းသိရလို့  ဆွေမျိုးတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ဝမ်းသာအားရဖြစ်နေတဲ့ ဗွီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်မှာ သတင်းပြန့်လို့နေပါတယ်။

ထီအမှန်တကယ်ပေါက်ကြောင်းနဲ့ လုံခြုံရေးအတွက် နီးစပ်ရာရဲစခန်းမှာ သွားရောက် အကြောင်းကြားပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source:  Chiang Mai News / Thai News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013