DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် အာယုတောင်ရှိ စစ်တပ် စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်
DVB
·
July 1, 2025
ရေးမြို့နယ် အာယုတောင်ရှိ စစ်တပ် စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ ၃၄၃ စခန်းကုန်းတခုကို ရေးဘီလူးအဖွဲ့က ဇူလိုင် ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကောင်စီ တပ်စခန်းကုန်းကို ဇူလိုင် ၁ ရက် မနက် ၅ နာရီမှာ ရေးဘီလူးအဖွဲ့က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက် ၅ နာရီ ၄၅ မိနစ်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက “မနက်ခင်းပိုင်းမှာ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ခမရ ၃၄၃ တပ်ဝန်းထဲက စကစ စခန်းကုန်းကို ကျနော်တို့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် ၄၅ မိနစ် ကြာခဲ့ပြီး အဆိုပါစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ချေမှုန်းနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး အခု အာယုတောင်စခန်းကုန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013