မက္ကဆီကိုနိုင်ငံ တောင်ပိုင်းက ဆန်ပေဒရို ဟွာမယ်လူလာ မြို့လေးရဲ့ မြို့တော်ဝန် ဒန်နီယယ် ဂူတာရက်ဇ်ဇက်ဟာ မြို့သာယာဝပြောဖို့အတွက် ရိုးရာအစဉ်အလာအတိုင်း ကေးမန်း မိကျောင်းတကောင်နဲ့ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီလို ရိုးရာဓလေ့ လက်ထပ်ပွဲကို အစဉ်အဆက် ကျင်းပလာတာ နှစ် ၂၃၀ ကျော်ရှိပြီ ဖြစ်ပြီး ဟွာဗီ မျိုးနွယ်နဲ့ ချွန်တယ် မျိုးနွယ်တို့ ပေါင်းစည်းမှုကို ကိုယ်စားပြုပါတယ်။
မြို့တော်ဝန်ဟာ ချွန်တယ်မျိုးနွယ်စု ဘုရင်ကို ကိုယ်စားပြုပြီး ဟွာဗီ မျိုးနွယ်စု မင်းသမီးကို ကိုယ်စားပြုတဲ့ မိကျောင်းနဲ့ လက်ထပ်ရတာပါ။
ဒီလက်ထပ်ပွဲဟာ ကောက်ပဲသီးနှံအထွက်ကောင်းဖို့နဲ့ ငါးများများ ဖမ်းမိနိုင်ဖို့အတွက် အရေးပါတဲ့ ပွဲတော်အဖြစ် ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီအခမ်းအနားဟာ လူသားနဲ့ သဘာဝတရားအကြား ချိတ်ဆက်ပေးတဲ့ ရိုးရာဓလေ့လည်း ဖြစ်ပါတယ်။
Source: Reuters