DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
June 30, 2025
ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲ‌‌ဒေါင့် ဝဲကြီးကျေးရွာမှာ ဇွန် ၂၉ ရက် မနက် ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“စကစဘက်က ၁၀‌ ဦးထက်မနည်း သေတာ အတည်ပြုလို့ရပါတယ်။ ပြည်သူတွေအနေနဲ့က စကစနဲ့ ဝေးဝေးနေသင့်ပါတယ်။ စကစ ဝင်လာတာကို လက်ခံပြီး အတူနေကြတာ ပိုအန္တရာယ်များပါတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် သေဆုံးတဲ့အပြင် ဝဲဒေါင့် ဝဲကြီးကျေးရွာ ဒေသခံ ၄ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ပြည်သူ ၄ ယောက် သေဆုံးပြီး ဒဏ်ရာရတဲ့သူ များတယ်လို့ သိရပါတယ်။ လေယာဉ်ကြဲတာကြောင့် ထိတာများပါတယ်။ ကျနော်တို့ကတော့ ပြည်သူကို အရင် အန္တရာယ်ကင်းတဲ့ဆီ ထုတ်ပေးပါတယ်။ စကစ ကတော့ လူသားဒိုင်းလုပ်တာတွေလည်း ရှိခဲ့ဖူးပါတယ်။”

အခုတိုက်ပွဲကို ဖြူးမြို့နယ် ပကဖ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃၊ ဧရာဝတီ အမှတ် ၃ တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့ပြီး ဖြူးမြို့နယ် ပကဖ ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်‌။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013