DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ် ဌာနေတိုင်းရင်းသားများ ဖိလစ်ပိုင်သို့ သစ်သားလှေဖြင့် လှော်ခတ်
DVB
·
June 16, 2026
Photo: REUTERS/Ann Wang
Photo: REUTERS/Ann Wang
Donate to DVB

ဌာနေတိုင်းရင်းသား ထိုင်ဝမ်လူမျိုးတစုဟာ ဇွန် ၁၅ ရက်မှာ လက်နဲ့တည်ဆောက်ထားတဲ့ သစ်သားလှေကို သုံးပြီး ဖိလစ်ပိုင်နိုင်ငံဆီ လှော်ခတ် ထွက်ခွာသွားခဲ့ပါတယ်။

ရာစုနှစ်များစွာ ငြိမ်သက်နေတဲ့ ရေကြောင်းလမ်းကို ပြန်အသက်သွင်းပြီး ပျောက်ဆုံးနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆက်အသွယ်ကို ပြန်တည်ဆောက်တဲ့အနေနဲ့ အခုလို့ ရေကြောင်းခရီး ထွက်လာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ သစ်ခွကျွန်းက တာအိုလူမျိုးတွေဟာ အရှေ့တောင်ဘက် ထိုက်တုံးမြို့နယ်ကနေ ရေမိုင် ၅၀ လောက်အကွာက ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရဲ့ မြောက်ဘက်က ဘာတာနက်စ်ကျွန်းစုတွေက ဌာနေတိုင်းရင်းသားတွေနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေပါတယ်။

အိုဗာယန် ဒါမှမဟုတ် "Golden Friendship" လို့ နာမည်ပေးထားတဲ့ ထိုင်ခုံ ၂၀ ပါတဲ့ လှေကို အစိုးရအထောက်အပံ့နဲ့ စီမံကိန်းတခုရဲ့ တစိတ်တပိုင်းအဖြစ် သစ်ခွကျွန်းရဲ့ ရပ်ရွာ ၆ ခုက ဆောက်လုပ်ရေးသမားတွေက တည်ဆောက်ခဲ့တာပါ။

ခရီးစဉ်က ၂၄ နာရီလောက် ကြာမှာဖြစ်ပြီး လူ အယောက် ၆၀ က အလှည့်ကျ လှော်ခတ်ကြမှာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ ဌာနေတိုင်းရင်းသားများ ယဉ်ကျေးမှုဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနဲ့ သစ်ခွကျွန်းက တာအို လူမျိုးတယောက် ဖြစ်တဲ့ မာရို့စ်ကျွန်းနဲ့ ဘာတာနက်စ် စည်ပင်ဒေသအကြား ကာလကြာရှည် မေ့လျော့နေတဲ့ ပင်လယ်လမ်းကြောင်းကို ပြန်ချိတ်ဆက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

ဘာရှီရေလက်ကြားဟာ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးတဲ့ အလွန်မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းတခုဖြစ်ပြီး တရုတ်စစ်သင်္ဘောတွေ မကြာခဏ ကင်းလှည့်လေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013