DVB Logo
Home
နိုင်ငံတကာ
စီချွမ်ပြည်နယ်တွင် မိုးသက်မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု သတိပေး
DVB
·
June 30, 2025
စီချွမ်ပြည်နယ်တွင် မိုးသက်မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု သတိပေး
Donate to DVB

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မိုးသက်မုန်တိုင်း သတိပေးချက်တွေနဲ့ အရေးပေါ် ရေလွှမ်းမိုးမှု တုံ့ပြန်ချက်တွေကို ဒေသဆိုင်ရာ မိုးလေဝသဌာနက တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ ကာလအတွက် ထုတ်ပြန်လိုက်ပါတယ်။

ဒေသအများအပြားမှာ မိုးသည်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။ စီချွမ်မြစ်ဝှမ်းက မြို့တွေ အားလုံးမှာ တနင်္ဂနွေနေ့မနက် ၈ နာရီကနေ တနင်္လာမနက် ၈ နာရီအတွင်း မိုးသက်မုန်တိုင်းနဲ့ မိုးကြိုး မုန်တိုင်းတွေ ကျရောက်နိုင်ပြီး တချို့နေရာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

စနေနေ့နှောင်းပိုင်းမှာ စီချွမ်ပြည်နယ်ရဲ့  မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနက တရုတ်နိုင်ငံရဲ့ အဆင့် ၄ ဆင့် မိုးလေဝသ သတိပေးချက်စနစ်ထဲမှာ တတိယအဆင့်ဖြစ်တဲ့ အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မြို့ကြီး ၁၆ မြို့မှာ တနင်္ဂနွေနေ့ ည ၈ နာရီကနေ တနင်္လာည ၈ နာရီအထိ မိုးသည်းမယ်လို့ ခန့်မှန်းထားပါတယ်။

တချို့နေရာတွေမှာ တနာရီအတွင်း မိုးရေချိန် ၇၀ မီလီမီတာကနေ ၉၀ မီလီမီတာအထိ သွန်ချသလို မိုးရွာသွန်းနိုင်ပြီး မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်တာတွေ ကြုံရမယ်လို့ ပြည်နယ်မိုးလေဝသ စောင့်ကြည့်ရေးဌာနက ဟောကိန်းထုတ်ထားပါတယ်။

တနင်္ဂနွေညအထိ စီချွမ်ပြည်နယ်တဝန်း ခရိုင်အဆင့် ဒေသ ၅၇ ခုက စုစုပေါင်းနေထိုင်သူ ၂၉,၁၄၂ ယောက်ကို ဘေးကင်းတဲ့နေရာတွေဆီ ကြိုတင်ပြောင်းရွှေ့ခဲ့ပါတယ်။ အသေအပျောက်သတင်းတွေ အခုအချိန်အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

မိုးသည်းကြီးမည်းကြီးရွာလို့ စီချွမ်နဲ့ အိမ်နီးချင်း ချုံချင်းနဲ့ ယူနန်ပြည်နယ်တို့မှာ တောင်ကျရေတွေ ကျဆင်းနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရေအရင်းအမြစ်ဝန်ကြီးဌာနနဲ့ အမျိုးသားမိုးလေဝသဌာနတို့ ပူးပေါင်းပြီး တောင်ပေါ်မှာ ရေကြီးရေလျှံမှုတွေအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တနင်္ဂနွေည ၈ နာရီကနေ တနင်္လာည ၈ နာရီအထိ စီချွမ်ပြည်နယ် အရှေ့ပိုင်း၊ ချုံချင်း အနောက်ပိုင်းနဲ့ ယူနန်အရှေ့မြောက်ပိုင်းတို့က တချို့ဒေသတွေမှာ တောင်ကျရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ သတိပေးထားပါတယ်။

အချိန်တိုအတွင်း မိုးသည်းလို့ တခြားတောင်တန်းဒေသတွေမှာလည်း လျှပ်တပြက် ရေကြီးနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒေသဆိုင်ရာဌာနတွေအနေနဲ့ အချိန်နဲ့တပြေးညီ စောင့်ကြည့်တာ၊ ကြိုတင်သတိပေးချက် ထုတ်ပြန်တာနဲ့ လူတွေကို ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းတာတွေ အပါအဝင် ကြိုတင်သတိထားပြီး ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013