
မန္တလေးတိုင်း၊ မြစ်သားမြို့နားမှာ ဇွန် ၂၉ ရက် ဒီမနက်အစောပိုင်းက အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၂ နာရီ ၅၇ မိနစ်လောက်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီး အဝေးပေါ် မူတည်လို့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့ ဆိုပါတယ်။
ဗဟိုချက်တည်နေရာ ကျောက်ဆည်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်လောက်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသ ၄ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၂၇ ရက် မနက် ၃ နာရီ ၂၈ မိနစ်လောက်ကလည်း မန္တလေးမြို့ရဲ့အရှေ့ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့် ငလျင်လှုပ်ခဲ့တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီ မိုးလေဝသဌာနကတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။