DVB Logo
Home
မြန်မာသတင်း
သာကေတ မိကျောင်းကန်တွင် မိကျောင်းများကို အစာကျွေးရန် အခက်ကြုံ 
DVB
·
June 29, 2025
သာကေတ မိကျောင်းကန်တွင် မိကျောင်းများကို အစာကျွေးရန် အခက်ကြုံ 
Donate to DVB

ရန်ကုန်၊ သာကေတက မိကျောင်းမွေးမြူရေးစခန်းကို လာရောက်လည်ပတ်သူ မရှိသလောက် ဖြစ်နေပြီး အသားဈေး၊ ငါးဈေးတွေ မြင့်တက်လာလို့ မိကျောင်းတွေကို တပတ်မှာ ၂ ရက်ပဲ အစာကျွေးနိုင်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှာ ပိတ်ထားခဲ့တဲ့ သာကေတ မိကျောင်းမွေးမြူရေးစခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လည်ပတ်သူကလည်း မရှိသလောက်ပဲလို့ ဆိုပါတယ်။

ပြန်လည်ဖွင့်လှစ်ပြီး ၈ လကြာတဲ့အထိ မိကျောင်းမွေးမြူရေးစခန်းကို လာရောက်လည်ပတ်သူ နည်းပါးနေသေးလို့ မိကျောင်းတွေကို တပတ်မှာ ၂ ရက်ပဲ အစာကျွေးနိုင်တယ်လို့ စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မနှစ်ကမှ ပြန်ဖွင့်နိုင်တာ။ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပြန်မဖွင့်နိုင်တော့တာ။ အဲဒီကာလမှာလည်း မိကျောင်းတွေကို အစာကျွေးဖို့ အလှူရှင်တွေကလည်း သိပ်မရှိဘူး။ လာတဲ့သူကလည်း မရှိတော့ သူတို့ရဲ့အစာအတွက်က အခက်အခဲရှိတယ်။ တပတ်မှာ ၂ ရက်လောက်ပဲ အစာကကျွေးနိုင်တော့တယ်။ ဧည့်သည်အဝင်မှ မရှိတာ။”

မိကျောင်းတွေကို တကြိမ် အစာကျွေးရင် ပိဿာချိန် ၆၀၀ နဲ့ ၇၀၀ ကြားကျွေးရပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့ နှစ်ရက်ပဲ ကျွေးတယ်လို့ သိရပါတယ်။

မိကျောင်းစာ ရောင်းချသူတယောက်က “စနေ၊ တနင်္ဂနွေဆိုရင် ဧည့်သည်တော့ လာတယ်။ အဲဒီရက်လေးပဲ အစာရောင်းရတာ။ မိကျောင်းစာအ‌နေနဲ့ ငါးဖယ်ရိုးနဲ့ ဆိတ်ရိုး ၂ မျိုးရောင်းတယ်။ ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ဈေးအစားစားရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိကျောင်းမျိုးစိတ် ၄ မျိုးရှိပြီး သာကေတမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်၊ မိကျောင်းမွေးမြူရေးစခန်းမှာ ငမိုးရိပ် လို့ခေါ်တဲ့ ရေငန်မိကျောင်း Crocodylus porosus  မျိုးစိတ် ၅ ပေကနေ ၁၀ ပေအထက်အရွယ် အကောင် ၃၅၀ ကျော် မွေးမြူထားပါတယ်။

ဝင်ကြေးအနေနဲ့ နိုင်ငံခြားသားတယောက်ကို ငွေကျပ် ၅,၀၀၀၊ နိုင်ငံသားလူကြီးတယောက်ကို ငွေကျပ် ၁,၀၀၀ နဲ့ ၅ နှစ်အောက်ကလေးတွေကိုတော့ အခမဲ့အဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013