
ကနေဒါဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေအပေါ် ဒီဂျစ်တယ်ဆားဗစ်ကြေး ကောက်ခံမှု အတွက် ကုန်သွယ်ရေးဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ကြေညာခဲ့ပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီတွေအပေါ် ဒီဂျစ်တယ်အခွန်ကောက်ခံမယ်လို့ ကနေဒါက ကြေညာခဲ့တာ ဖြစ်ပြီး ထရမ့်ပ်က ဒါဟာ အမေရိကန်ကို တိုက်ရိုက်နဲ့ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့တာလို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
“ဒီ ဆိုးရွားတဲ့ အခွန်ကောက်ခံမှုကြောင့် ကနေဒါနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုတွေအားလုံး ရပ်ဆိုင်းပါမယ်” လို့ ထရမ့်ပ်က ပြောထားပါတယ်။
အမေရိကန်ဟာ လာမဲ့ ၇ ရက်အတွင်း ကနေဒါရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေကို ထုတ်ပြန်မယ်လို့ ထရမ့်ပ်က ပြောဆိုထားပါသေးတယ်။
ကနေဒါနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ ဒစ်ဂျစ်တယ်အခွန်ကောက်ခံမှု ပုံစံကို အတုယူပြီး လုပ်ဆောင် နေတယ်လို့လည်း မှတ်ချက်ပေးပါတယ်။
အဲ့ဒီနေ့မှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ကနေဒါကို ဒစ်ဂျစ်တယ်အခွန် နောက်ကြောင်းပြန် ကောက်ခံမှု ဒေါ်လာ ၂ ဘီလီယံ ကောက်ခံဖို့ စဉ်းစားနေတယ်လို့လည်း ပြောဆိုထားပါတယ်။
Source:Reuters