
မြောက်ကိုရီးယားဟာ ဇူလိုင်လ သို့မဟုတ် သြဂုတ်လမှာ ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ဖို့အတွက် ရုရှားနိုင်ငံကို နောက်ထပ် တပ်ဖွဲ့ဝင်တွေ ထပ်မံပေးပို့နိုင်ပြီး ပြုံယမ်းဟာ ရုရှားနိုင်ငံကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေတယ်လို့ ထောက်လှမ်းရေးအေဂျင်စီရဲ့ တင်ပြချက်ကို ကိုးကားပြီး တောင်ကိုရီးယား လွှတ်တော်အမတ်တွေက ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံဟာ ဇူလိုင်လ သို့မဟုတ် သြဂုတ်လမှာ ယူကရိန်းကို ကြီးမားတဲ့ ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) က ယူဆကြောင်း တောင်ကိုရီးယား ပါလီမန်အမတ် အီဆုန်းဂွမ်းက တံခါးပိတ် ရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
“နောက်ထပ် တပ်ဖြန့်မယ့်အချိန်က အစောဆုံး ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လလောက်မှာ ဖြစ်နိုင်ပါတယ်” လို့ အီဆုန်းဂွမ်းက ပြောကြားခဲ့ပြီး မြောက်ကိုရီးယားက စစ်သားသစ်တွေကို စုဆောင်းပြီး ပို့ဆောင်ဖို့ ကြိုတင်ပြင်ဆင်နေတာနဲ့ မကြာသေးခင်က ပြုံယမ်းကို ရုရှားသမ္မတရဲ့ အဆင့်မြင့် လုံခြုံရေးအရာရှိတယောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေကို ခန့်မှန်းတွက်ချက် ယူဆကြောင်းလည်း ဖြည့်စွက်ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ အမြောက်ကျည်ဆန်တွေနဲ့ ဒုံးကျည်တွေ၊ အီလက်ထရွန်းနစ် အတားအဆီးပစ္စည်းတွေနဲ့ ရုရှားဆီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပေးတဲ့အတွက် ပြုံယမ်းကလည်း ရုရှားဆီကနေ ဂြိုဟ်တုပစ်လွှတ်မှုတွေနဲ့ ဒုံးကျည်လမ်းညွှန်စနစ်တွေအကြောင်း နည်းပညာဆိုင်ရာ အကြံဉာဏ်တွေကို လက်ခံရဖွယ်ရှိပါတယ်လို့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) တင်ပြချက်ကို ကိုးကားပြီး တောင်ကိုရီးယား ပါလီမန်အမတ် အီဆုန်းဂွမ်းက ပြောပါတယ်။
Source: Reuters