
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချဲလ်ပရာဒေ့ရှ်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ဖြစ်ပွားတဲ့ ရုတ်တရက်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
နေရာ ၉ ခုမှာ ရုတ်တရက် ရေကြီးပြီး မြစ်ကမ်းပါးအနီးအနားက လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဟီမာချာလ်ပရာဒေ့ရှ် ပြည်နယ်အကြီးအကဲ ဆူခ် ဗင်ဒါဆင်း ဆူခူးက ပြောပါတယ်။
ဘာဒါပါဟာ့ဒ် တောင်ပေါ်နယ်မြေမှာလည်း ရုတ်တရက် ပြင်းပြင်းထန်ထန် မိုးရွာချမှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြောင်းနဲ့ လူ ၅ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
တောထဲမှာ လူတယောက်ကို ခြေရာခံနိုင်ခဲ့ပြီး သူကတော့ ဘေးကင်းတယ်၊ လမ်းတွေလည်း အများအပြား ပျက်စီးခဲ့ပြီး မြစ်ကမ်းနားက အိမ်ခြေ ၁၅ လုံး ပျက်စီးသွားတယ်လို့လည်း ဟီမာချာလ်ပရာဒေ့ရှ် ပြည်နယ်အကြီးအကဲက ပြောပါတယ်။
ဒီမှာသေဆုံးသွားတဲ့လူတွေက လွတ်မြောက်ဖို့ နေရာမရှိဘူးလို့ အမည်မသိ ဒေသခံတယောက်က ပြောပါတယ်။
ရေစီးက မြင့်လာချိန်မှာ ပြေးရမယ့်နေရာမရှိဘဲ နှစ်ဖက်စလုံးမှာလည်း ချောက်တွေပဲ ရှိတာကြောင့် မပြေးနိုင်ဘဲ ရေစီးကြောင်းအတိုင်း မျောပါသွားကြတာလို့ ဆိုပါတယ်။
အလောင်းတလောင်းကို ဆယ်နိုင်ခဲ့ပေမဲ့ ရေစီးက အရမ်းအားပြင်းတယ်လို့လည်း ဆိုပါတယ်။
မြစ်ကမ်းပါးတလျှောက်ရှိ နေအိမ်တွေ ပျက်စီးပြီးတော့ လူတွေပျောက်ဆုံးနေဆဲဖြစ်ကာ ရေစီးကြောင်းနဲ့ မျောပါသွားမှာကိုလည်း စိုးရိမ်ကြောက်လန့်နေရတာ ဖြစ်ပါတယ်။
Source: Reuters