DVB Logo
Home
နိုင်ငံတကာ
ဟားဗတ်ကျောင်းသားများ ဗီဇာမရလျှင် ကနေဒါ၊ တိုရွန်တိုတက္ကသိုလ်၌ ပညာဆက်သင်နိုင်မည်
DVB
·
June 27, 2025
ဟားဗတ်ကျောင်းသားများ ဗီဇာမရလျှင် ကနေဒါ၊ တိုရွန်တိုတက္ကသိုလ်၌ ပညာဆက်သင်နိုင်မည်
Donate to DVB

အမေရိကန်အခြေစိုက် ဟားဗတ်တက္ကသိုလ်နဲ့ ကနေဒါအခြေစိုက် တိုရွန်တိုတက္ကသိုလ်တို့ ပူးပေါင်းပြီး ဇွန် ၂၆ ရက်က နိုင်ငံတကာကျောင်းသားတွေအတွက် အရေးပေါ်အစီအစဉ်တရပ်ကို ကြေညာလိုက်ပါတယ်။

အဲဒီအစီအစဉ်အရ ဗီဇာကန့်သတ်ချက်ကြောင့် ဟားဗတ်က ဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ အမေရိကန်ထဲကို ပြန်ဝင်ခွင့်မရတော့ရင် ကနေဒါမှာ ပညာဆက်သင်မလားဆိုတာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လအတွင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသား လက်ခံခွင့်ကို ရုပ်သိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် ပထမဆုံး ကြေညာသွားတဲ့ အရန်အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဖက်ဒရယ်တရားသူကြီးတယောက်က အစိုးရဆုံးဖြတ်ချက်ကို ယာယီတားဆီးပေးထားပါတယ်။

အထူးသဖြင့် ဟားဗတ်ရဲ့  ဂျွန် အက်ဖ်ကနေဒီ (HKS) ကျောင်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေက အမေရိကန်ထဲကို ပြန်ဝင်မရတဲ့အခါ တိုရွန်တိုရဲ့ ကမ္ဘာ့ရေးရာနဲ့ ပြည်သူ့မူဝါဒဆိုင်ရာ Munk School မှာ ဧည့်ကျောင်းသားအနေနဲ့ ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီနောက် ကနေဒီနဲ့ Munk ကျောင်းနှစ်ခုစလုံးက သင်ခန်းစာတွေကို ပေါင်းစည်းပြီး သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သက်ဆိုင်ရာ ဌာနမှူးတွေအနေနဲ့ အတည်ပြုပါတယ်။

ဒါပေမဲ့လည်း ဗီဇာ ဒါမှမဟုတ် ဝင်ရောက်ခွင့် အခက်အခဲဖြစ်နေတဲ့ ကျောင်းသားဦးရေ များမှသာ အရန်အစီအစဉ်အတိုင်း အကောင်အထည်ဖော်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီအစီအစဉ်ဟာ အမေရိကန်မှာ ကျောင်းတက်တာ တနှစ်ပြည့်ပြီဖြစ်တဲ့ နိုင်ငံတကာ ကျောင်းသားတွေအထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ကတော့ ဟားဗတ်တက္ကသိုလ်အတွက် ဖက်ဒရယ်သုတေသနဆိုင်ရာ ရန်ပုံငွေတွေကို ဘီလီယံနဲ့ချီပြီး ဖြတ်တောက်ဖို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် ဟားဗတ်ဟာ ပါလက်စတိုင်း ထောက်ခံရေးနဲ့ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကျောင်းပရိ၀ုဏ်ထဲမှာ ခွင့်ပြုတာမျိုး အပါအဝင် အမျိုးသားလုံခြုံရေးအရ အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေမှာ လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုပြီး အစိုးရဘက်က စွပ်စွဲထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း ကနေဒီကျောင်းရဲ့ ကျောင်းသား ၅၂ ရာခိုင်နှုန်းကို အမေရိကန်မဟုတ်တဲ့ ပြင်ပနိုင်ငံက လာတက်သူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကျောင်းသားပေါင်း ၇၃၉ ယောက်ဟာ အစိုးရနဲ့ ပြည်သူ့မူဝါဒဆိုင်ရာ ခေါင်းဆောင်မှုဖွံ့ဖြိုးရေး အစီအစဉ်တွေကို တက်ရောက်ခွင့် ရထားတယ်လို့ ဟားဗတ်ရဲ့ နိုင်ငံတကာရုံး ဝက်ဘ်ဆိုက်အရ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013