DVB Logo
Home
မြန်မာသတင်း
မြန်မာဆင်းမ်ကတ်ဖြင့် ဖွင့်ထားသည့် Google အကောင့်များ အတည်ပြု Code မရသဖြင့် အခက်တွေ့
DVB
·
June 27, 2025
မြန်မာဆင်းမ်ကတ်ဖြင့် ဖွင့်ထားသည့် Google အကောင့်များ အတည်ပြု Code မရသဖြင့် အခက်တွေ့
Donate to DVB

မြန်မာနိုင်ငံက ဖုန်းဆင်းမ်ကတ်တွေနဲ့ ဖွင့်ထားတဲ့ Google အကောင့်တွေကို အတည်ပြု Code မပို့ပေးတော့ဘူးလို့ သုံးစွဲသူတွေဆီက သိရပါတယ်။

ဒီအတွက် ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ မရှိပေမဲ့ တခြားစက်တခုနဲ့ အကောင့်ဝင်တာ အကောင့်အသစ် ဖွင့်ရာတွေမှာ ခက်ခဲနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံက တချို့ဒေသတွေအတွင်းမှာ အသုံးပြုနေတဲ့ မြန်မာဖုန်းဆင်းမ်ကတ်နဲ့ ဖွင့်ထားတဲ့ Google အကောင့်တွေက SMS verification code အတည်ပြုကုတ် မကျတော့တဲ့အကြောင်း သုံးစွဲသူတွေဆီက သိရပါတယ်။

လက်ရှိ အသုံးပြုနေလက်စ အကောင့်တွေမှာတော့ ပြဿနာမရှိသေးကြောင်း သုံးစွဲသူတယောက်က ပြောပါတယ်။

“ကုတ်မကျတော့ဘူးဆိုတာတော့ သိတယ်၊ ဒါပေမဲ့ အကုန်လုံးက  Login ဝင်ထားပြီးသားဆိုတော့ တခါမှတော့ ကုတ်ပြန်တောင်းနေတာမျိုးတော့ မရှိသေးဘူးဗျ။ Login ဝင်လိုက်တာနဲ့ အဲဒီအက်ပလီကေးရှင်းကို ဝင်လိုက်တာနဲ့ Auto Login  ဝင်ထားတာဆိုတော့လေ  Password တွေ ဘာတွေ မေ့လို့ ပြန်ပြောင်းရမယ်ဆိုရင်တော့ ကုတ်တောင်းမယ်ထင်တယ်။ အဲဒီလို တောင်းလို့ ကုတ်မရဘူးဆိုရင်တော့ ဘယ်လိုလုပ်ရမလဲ မသိဘူးပေါ့။ အဲဒါ သေသေချာချာ မသိသေးဘူး။”

အခုလို အတည်ပြုကုတ် မရရှိတာကြောင့် အဓိက သက်ရောက်နိုင်တာကတော့ နည်းပညာနဲ့ အကျွမ်းတဝင် မရှိသူတွေ၊ မြန်မာဆင်းမ်ကတ်နဲ့ အကောင့်သစ်ဖွင့်မယ့်သူတွေနဲ့ စီးပွားရေးလုပ်ငန်းသုံး အကောင့်တွေမှာ ကုတ်မကျတဲ့အတွက် Google ကြော်ငြာ မတက်တဲ့အတွက် ဝင်ငွေမရရှိတာတွေတော့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

အခုလိုဖြစ်တာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အော်ပရေတာတွေရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု အားနည်းနေတာတွေကြောင့် ဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူ တယောက်က မှတ်ချက်ပြုပါတယ်။

“အဓိကကတော့ Gmail Account Login 2-step verification လုပ်ထားသူတွေကို ကုတ် မလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ စက်အသစ်မှာ Login ဝင်ဖို့ဆိုရင် အခက်အခဲရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေ စစ်အုပ်ချုပ်မှုတွေ အဲဒါတွေကြောင့် Google ရဲ့ automated verification system တွေကို တားမြစ်ခြင်း သို့မဟုတ် ရပ်နားခြင်း ဖြစ်လာတာ ဖြစ်ပါတယ်။ ဘယ်သူတွေ အများဆုံး ထိခိုက်မလဲ ဆိုရင်တော့ မြန်မာနံပါတ်နဲ့ Google account ဖွင့်ထားသူတွေ၊ Gmail ကို 2FA သုံးထားသူ Business users (AdSense, G Suite, Google Ads, etc.) ပြည်ပမှာရှိပေမဲ့ မြန်မာနံပါတ်နဲ့ Google Service သုံးနေတဲ့ user တွေအပေါ် သက်ရောက်နိုင်ပါတယ်။”

အခုလို ဖြစ်လာမယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ မိမိရဲ့ Google account setting ထဲကို ဝင်ပါ။ ပြီးရင်တော့ 2 Step Verification ကို နှိပ်ပါ။ အဲဒီစာမျက်နှာကို အပေါ်ဆွဲတင်လိုက်မယ်ဆို + set up Authenticator ဆိုတဲ့ နေရာကို နှိပ်ပေးရပါမယ်။ အဲဒီနေရာမှာ QR scan တခု ပေါ်လာပါလိမ့်မယ်။

အဲဒီ QR ကို စကန်ဖတ်ဖို့အတွက် မိမိဖုန်းထဲမှာ 2FA Authenticator (2FAS) အပ်ပလီကေးရှင်းကို ကြိုတင် ဒေါင်းလုပ် လုပ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီ အပ်ပလီကေးရှင်းကို ဖွင့်ပြီး Pair New Device ကို နှိပ်ပြီး စကန်ဖတ်လိုက်မယ်ဆိုရင် နံပါတ် ၈ လုံးပါဝင်ကုတ်ကို ရရှိမှာဖြစ်ပါတယ်။ အဲဒီကုတ်ကို အသုံးပြုပြီး မိမိရဲ့ Google အကောင့်ကို Login ဝင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Google account setting ထဲက Back Code ကို နှိပ်ပြီး ပေါ်လာတဲ့ နံပါတ် ၈ လုံးပါ ကုတ် ၁၀ ခုကို သေချာ ကူးယူသိမ်းထားပြီး လိုအပ်တဲ့အချိန်တိုင်းမှာ ကုတ်တခုချင်းစီနဲ့ LogIn ဝင်နိုင်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013