DVB Logo
Home
မြန်မာသတင်း
ကမ္မမြို့​ ကျေးရွာများကို စစ်တပ် ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူ
DVB
·
June 27, 2025
ကမ္မမြို့​ ကျေးရွာများကို စစ်တပ် ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူ
1 / 5
Donate to DVB

မကွေးတိုင်း၊ ကမ္မ-ပေါက်မြို့နယ်အစပ် ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က  မတရား ယူဆောင်နေတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ပြောပါတယ်။

ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ထွက်​လာ​တဲ့ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းဟာ ဇွန် ၈ ရက်ကစပြီး လမ်းတလျှောက် ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ယူသွားတာလို့ ဆိုပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းပြန်ကြားရေးဌာနမှူး ရဲဘော်မိုးကောင်းက “အဲဒီနေ့ကစပြီး ပစ္စည်းတွေကို ကားနဲ့သယ်ထုတ်တာပေါ့။ ကားနဲ့ကော ခြေလျင်စစ်ကြောင်းနဲ့ကော။ ကမ္မမြို့ပေါ်မှာ ယာဥ်တန်းရှိတာပေါ့လေ။ ယာဥ်တန်းရှိရာကို သယ်သွားကြတာ” လို့ DVB ကိုပြောပါတယ်။

​ကားအစီး​ရေ ၁၄၀ ​ကျော်နဲ့အင်အား ၁၀၀၀​ ကျော် စစ်ကြောင်းဟာ ကမ္မမြိူ့ပတ်ဝန်းကျင်က ချိုးပျံ၊ ထောင်း ညောင်ကုန်း၊ မယ်ဇလီရွာတွေကို ဝင်မွှေပြီး ပြည်သူပိုင်း ဆန်၊ ရွှေ၊ ငွေတွေနဲ့ လက်ဝတ်ရတနာတွေကို မတရားယူဆောင်နေသွားပြီး လက်ရှိမှာ ကမ္မနဲ့ ပေါက်ကြားမှာ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ရဲဘော်မိုးကောင်းက “ကျနော်တို့ သိရတာကတော့ ပေါက်မြို့နယ်ထဲက ကပစတွေကို ရိက္ခာပို့တယ်လို့ သိရတယ်။ ကပစ ၂၄ ကို ပို့တာ။ ဒေသခံတွေကတော့ ၈ ရက်နေ့မတိုင်ခင် ရိက္ခာယာဥ်တန်းရောက်ပြီဆိုကတည်းက ရွာတွေအကုန်လုံးကတော့ ရှောင်နေတယ်။ အဲဒီအထဲကမှ သူတို့ဖမ်းမိသွားတဲ့ တယောက်စ နှစ်ယောက်စတော့ရှိတယ်။ သူတို့အထိုင်ချတဲ့ ရွာတွေထဲမှာ ခေါ်ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ဦးတည်တဲ့ ပေါက်မြို့နယ်ဘက်ကို ရိက္ခာပို့ဖို့လုပ်နေတာဖြစ်ပြီးတော့ ဇွန် ၉ ရက်က ရွာတွေကို ဝင်မွှေချိန်ကလည်း တော်လှန်ရေးတပ်တွေနဲ့ ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန် ၁၄ ရက်က ပြည်သူ့ဒီမိုကရက်တစ်တပ်​တော် အမှတ် ၂၁၉ စစ်​ဒေသခွဲရဲ့ တပ်စခန်းရှိတဲ့ရွာမှာ အထိုင်ချချိန် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်လက်နက်ပစ္စည်းတွေ မဆုံးရှုံးပေမဲ့ ​ရိက္ခာကတော့ သိန်း ၁၀၀ နီးပါးဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက် “အိမ်တွေ ဘုန်းကြီးကျောင်းတွေအကုန်လုံး လိုက်ဖောက်တယ်။ တွေ့တဲ့ပစ္စည်း သယ်တယ်။ ရိက္ခာဆိုရင်လည်း တခါတည်း ကားနဲ့ သယ်သွားတယ်။ ဒီရက်ပိုင်း ကမ္မနဲ့ ပေါက်ကြားက ရွာတွေကိုရောက်သွားပြီး ပစ္စည်းတွေယူနေတယ်” လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းရှိ ပစ္စည်းတွေနဲ့ အလှုငွေသိန်း ၁၀၀ ကျော်ကိုလည်း ယူသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကမ္မနဲ့ ပေါက်ကြားက မကျည်းသုံးပင်ရွာအပါအဝင် ရွာ ၃ ရွာလောက်မှာ ဒီနေ့အထိ တပ်စွဲနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013