DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံ၊ သုခဒဂုံအိမ်ရာတွင် ဓားထိုးလူသတ်မှု ဖြစ်ပွား 
DVB
·
June 27, 2025
တောင်ဒဂုံ၊ သုခဒဂုံအိမ်ရာတွင် ဓားထိုးလူသတ်မှု ဖြစ်ပွား 
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သုခဒဂုံအိမ်ရာမှာ မဲပေါက်ထားတဲ့ တိုက်ခန်းကို လူမနေဘဲ ငှားစားတဲ့ကိစ္စ တိုင်ကြားခဲ့တဲ့ အမျိုးသားတယောက် ဇွန် ၂၁ ရက်က ဓားနဲ့ထိုးခံရလို့ သေဆုံးသွားပြီး သူ့ရဲ့ဇနီးဖြစ်သူလည်း ဒဏ်ရာရကာ ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို ရဲတွေက စစ်ဆေးနေတယ်လို့ အိမ်ရာမှာ နေသူတွေဆီက သိရပါတယ်။

သုခဒဂုံအိမ်ရာမှာ အခန်းအမှတ် ၂၀၂ နဲ့ ၂၀၄ ကို မဲပေါက်ထားတဲ့ ကိုမင်းဇော်နဲ့ ကိုကျော်အောင်တို့ဟာ တိုက်ခန်းမှာ ကိုယ်တိုင်မနေဘဲ လူအငှားချထားတယ်ဆိုပြီး အခန်းအမှတ် ၂၀၃ နေ ကိုနေလင်းက အိမ်ရာကော်မတီထံကို ဇွန် ၁၈ ရက်က တိုင်ကြားခဲ့လို့ ဓားနဲ့ ထိုးသတ်ခံရတာလို့ အိမ်ရာနေသူတယောက်က ပြောပါတယ်။

“မဲပေါက်တာ ကိုယ်တိုင်နေဖို့၊ သူတို့က ကိုယ်တိုင်မနေဘဲ လူတွေအငှားချထားတော့ အလယ်မှာဖြစ်နေတဲ့ ကိုနေလင်းတို့က မခံနိုင်ဘူး။ အိမ်ရာကော်မတီကို သွားတိုင်တယ် လင်မယားနှစ်ယောက်၊ အိမ်ရာက ခေါ်ပြောတော့ ၂၁ ရက် မနက် ဓားနဲ့လာထိုးသတ်သွားတာ၊ သူခိုးဝင်ခိုးရင်း ဓားနဲ့ထိုးသွားတယ်လို့ လူတွေက ထင်ကြတာ၊ အမှန်က တိုက်ခန်းကိစ္စ။”

မဲပေါက်ထားတဲ့ တိုက်ခန်းကို အတိုင်ခံရတဲ့ကိစ္စနဲ့ ကိုနေလင်းနဲ့ မနှင်းယုအောင်တို့ လင်မယားကို ကိုကျော်အောင်နဲ့ ကိုမင်းဇော်တို့က အငြိုးထားကာ တိုက်ခန်းအတွင်း သူခိုးဝင်ခိုးပြီး အိမ်ရှင်ကို သတ်သွားတဲ့ပုံစံနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုထားကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“အိမ်ရာကော်မတီကို တိုင်တာ ကော်မတီက မဖြေရှင်းပေးဘဲ တိုင်တဲ့သူနာမည် ထုတ်ပြောလိုက်တော့ တိုင်တဲ့သူ အသတ်ခံရတာပေါ့။ ကြိုတင်ကြံစည်ပြီး သတ်တာ။ ယောကျ်ားက ရင်အုံတွေ၊ လည်ပင်းတွေ ဓားနဲ့ အချက် ၃ဝ နီးပါး ထိုးခံရပြီး သေတာ။ မိန်းမက ဓားဒဏ်ရာ ၁၁ ချက်ရတယ်၊ သင်္ဃန်းကျွန်းဆေးရုံမှာ။”

လက်ရှိမှာ တောင်ဒဂုံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ မင်းဇော် (ခ) မင်းမင်းနဲ့ ကျော်အောင် တို့ကို  (ပ)အမှတ် ၂၁/၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

သုခဒဂုံအိမ်ရာဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ မဲစနစ် ၄ ကြိမ် ပြုလုပ်ပြီး မဲပေါက်သူ အိမ်ထောင်စု ၂,၇၃၆ စုကို နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013