
အိန္ဒိယနဲ့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးတွေ ဇွန် ၂၆ ရက်က ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် သူတို့ရဲ့ နယ်စပ်ပဋိပက္ခနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
SCO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ကမ်းရိုးတန်းမြို့ ချင်းဒေါင်မှာ ဇွန် ၂၅ နဲ့ ၂၆ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်သ်ဆင်းဂ်နဲ့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ် တို့ကို SCO ရဲ့ ၂၀၁၈ ထိပ်သီးအစည်းအဝေးအတွက် သုံးခဲ့တဲ့ ခန်းမတခုဆီ သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ ရောက်လာတာ တွေ့ရပါတယ်။
အိန္ဒိယဟာ ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တယ်၊ နိုင်ငံတွေဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို မူဝါဒ လက်နက်တခုအဖြစ် သုံးပြီး အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးနေလို့ ဒီလိုစံနှုန်းနှစ်ရပ်အတွက် နေရာမရှိသင့်ဘူးလို့ ဆင်းဂ်က အစောပိုင်း ထိပ်သီးညီလာခံထဲမှာ အလေးအနက် ပြောခဲ့ပါတယ်။
SCO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလို နိုင်ငံတွေကို ဝေဖန်ဖို့ တုံ့ဆိုင်းမနေသင့်ဘူးလို့လည်း ပြောရင်း ပါကစ္စတန်ရဲ့ မိတ်ဆွေဖြစ်တဲ့ တရုတ်နိုင်ငံကို အမည်မဖော်ဘဲ ဆင်းဂ်က တိုက်တွန်းခဲ့ပါတယ်။
တရုတ်ဦးဆောင်တဲ့ ဒေသတွင်းအဖွဲ့အစည်းကို ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်နဲ့ အလယ်အာရှနိုင်ငံတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။
Source: Reuters