DVB Logo
Home
မြန်မာသတင်း
ငွေကောက်ခံသည့် စစ်တပ်ဂိတ် ၂ ခုကို ဟိုပင် KPDF ပစ်ခတ်
DVB
·
June 26, 2025
ငွေကောက်ခံသည့် စစ်တပ်ဂိတ် ၂ ခုကို ဟိုပင် KPDF ပစ်ခတ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်၊ ဟိုပင်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို တပတ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဟိုပင် KPDF ကနေ သိရပါတယ်။

ဇွန် ၂၁ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပင်လုံနဲ့ ပင်းဘောကြားက လမ်းသွားလမ်းလာ ပြည်သူတွေကို ငွေကြေး မတရားကောက်ခံနေတဲ့ဂိတ်နဲ့ ဟိုပင်မြို့နားက တိုးဂိတ်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဟိုပင် KPDF ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

“(ဇွန် ၂၄) နေ့လယ် ၁၂ ဝန်းကျင်ပါ၊ ရဲတယောက်နဲ့ ရဲ informer တယောက် သေပါတယ်။ တိုးဂိတ်မှာ ကားပေါ်က ပြည်သူတွေကနေ မတရားငွေညှစ် ပိုက်ဆံကောက်စားနေကြလို့ပါ။ ၂၁ ရက်နေ့ကလည်း ပင်ဘောနဲ့ ပင်လုံကြားမှာ ပြည်သူတွေဆီကနေ မတရားငွေညှစ် ပိုက်ဆံကောက်စားနေတဲ့ ပြည်သူ့စစ်နဲ့ ရဲတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်။”

ဟိုပင် KPDF ရဲ့ တပတ်တာ ပစ်ခတ်မှုအတွင်းမှာ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ၄ ယောက်ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပြည်သူတွေကို အစစ်အဆေးတင်းကျပ်ပြီး ငွေကြေး အဓမ္မတောင်းခံနေတဲ့ စစ်ဆေးရေးဂိတ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဟိုပင်မြို့ ပတ်ဝန်းကျင်က ဂိတ်တွေနဲ့ ဟိုပင်-နန့်မွန်းကြားက SNA နဲ့ စစ်ကောင်စီ ပူးပေါင်းထိုင်တဲ့ ဂိတ်တွေဟာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ပြီး ကချင်လူမျိုးတွေကို မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်ပြီးတော့ အဆက်အသွယ်မရတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ အင်းတော်ကြီး ဒေသခံတယောက်ဆီကနေ သိရပါတယ်။

လက်ရှိ မိုးညင်းမြို့နယ် အင်းတော်ကြီးပတ်ဝန်းကျင်မှာ SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားနေပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ နှစ်ဖက် စစ်ရေးတင်းမာတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013