DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတွင် နေအိမ်အတွင်း မိသားစုပါတီ ကျင်းပစဉ် ပစ်ခတ်ခံရသဖြင့် လူ ၁၀ ဦး သေဆုံး
DVB
·
June 26, 2025
မက္ကဆီကိုတွင် နေအိမ်အတွင်း မိသားစုပါတီ ကျင်းပစဉ် ပစ်ခတ်ခံရသဖြင့် လူ ၁၀ ဦး သေဆုံး
Donate to DVB

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဂွါနာဟွာတိုပြည်နယ်ရှိ အီရာပွါတိုမြို့က နေအိမ်တလုံးမှာ ဇွန် ၂၄ ရက် ညက ပစ်ခတ်မှုတခုအတွင်း ကလေးတွေအပါအဝင် လူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားပြီးတော့ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

“ဒါဟာ ထိတ်လန့်ဖွယ်ရာ လူသတ်မှုတခုဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဇွန်လ ၂၄ ရက် မနက် ပုံမှန်သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

အသတ်ခံရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါရှိကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။ 

လုံခြုံရေး အာဏာပိုင်တွေကတော့ သူတို့ဟာ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ စိန့်ဂျွန်နေ့ အထိမ်းအမှတ် ဘာသာရေးပွဲတခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

မိသားစုနဲ့ ချစ်ခင်ရသူတွေ နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားဖြစ်တဲ့ ဆန်ဟွမ်နေ့ အထိမ်းအမှတ် မိသားစုပါတီကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေကြစဉ် ရုတ်တရက် လူတစုရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

“အာဏာပိုင်တွေ ရောက်လာဖို့ အချိန်အတော်ကြာခဲ့ပြီး လူတွေက အကူအညီ တောင်းနေကြတယ်။ လူနာတင်ကားက လုံးဝရောက်မလာတာကြောင့် လူတိုင်းက ဒဏ်ရာရသူတွေကို သူတို့ကားတွေနဲ့ ဆေးရုံကို ခေါ်သွားတာ၊ ကားငှားလို့ရအောင် ကြိုးစားနေကြတယ်။”

အလယ်ပိုင်းပြည်နယ် ဂွါနာဟွာတို ရှေ့နေချုပ်ရုံးက ဒီတိုက်ခိုက်မှုကို အတည်ပြုခဲ့ပါတယ်။ 

ဒေသအစိုးရက အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ကြောင့် ထိခိုက်ခံရသူတွေ၊ ဆွေမျိုးတွေနဲ့ တခြားပြည်သူတွေနဲ့အတူ စည်းလုံးမှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013