DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ကာကွယ်ဆေးအဖွဲ့ကြီး Gavi အပေါ် အမေရိကန်ဘဏ္ဍာရေးထောက်ပံ့မှု ရပ်မည်
DVB
·
June 26, 2025
ကမ္ဘာ့ကာကွယ်ဆေးအဖွဲ့ကြီး Gavi အပေါ် အမေရိကန်ဘဏ္ဍာရေးထောက်ပံ့မှု ရပ်မည်
Donate to DVB

ကမ္ဘာပေါ်က အဆင်းရဲဆုံး ကလေးသူငယ်တွေအတွက် ကာကွယ်ဆေးတွေ ဝယ်ယူပေးနိုင်ဖို့ ကူညီပေးနေတဲ့ ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ်အဖွဲ့ (Gavi) အပေါ် အမေရိကန်က ဆက်လက်ထောက်ပံ့ပေးမှာ မဟုတ်တော့ဘူးလို့ ကျန်းမာရေးဝန်ကြီး ရောဘတ်ကနေဒီ ဂျူနီယာက ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ကြီးဟာ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လာရင် ဘေးကင်းရေးကို မျက်ကွယ်ပြုထားတယ်လို့ပါ သက်သေမပြဘဲနဲ့ ဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။

ကာကွယ်ဆေးတွေနဲ့ ပတ်သက်ရင် သံသယရှိသူအဖြစ် ထင်ရှားတဲ့ ရောဘတ်ကနေဒီ ဂျူနီယာက ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လာရင် Gavi အဖွဲ့ရဲ့ ထောက်ခံချက်တွေဟာ မေးခွန်းထုတ်စရာ ကောင်းတယ်လို့ ဝေဖန်ခဲ့သလို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DTPw) နဲ့ ပတ်သက်ပြီးလည်း ပူပန်မိတယ်လို့ ဆိုပါတယ်။

Gavi အဖွဲ့က ကြေညာချက်ထုတ်ပြန်ရာမှာ ဘေးကင်းရေးဟာ သော့ချက်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက အဖွဲ့က ထောက်ပံ့ပေးလာတဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေးကြောင့် နိုင်ငံတွေမှာ ကလေးသေဆုံးမှုနှုန်း ကျအောင် ကူညီနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီဆေးအပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ပါ ထုတ်ပြန်ထားပါတယ်။

“Gavi အဖွဲ့အနေနဲ့ အများပြည်သူယုံကြည်မှု ပြန်ရအောင်လုပ်ဖို့၊ ၂၀၀၁ ကတည်းက အမေရိက,က ထောက်ပံ့ပေးခဲ့တဲ့ ဒေါ်လာ ၈ ဘီလီယံအတွက် မျှတအောင်လုပ်ဖို့ ကျုပ် တောင်းဆိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် အမေရိကန်က ဆက်မထောက်ပံ့တော့ပါဘူး” လို့ ဝန်ကြီးက ပြောဆိုထားတဲ့ ဗီဒီယိုဖိုင် ပေးပို့ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013