DVB Logo
Home
မြန်မာသတင်း
တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုများ သတိထားရန်  စစ်ကောင်စီ ဒုဝန်ကြီး ပြော
DVB
·
June 26, 2025
တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုများ သတိထားရန်  စစ်ကောင်စီ ဒုဝန်ကြီး ပြော
Donate to DVB

တရုတ်နိုင်ငံကို စစ်ခေါင်းဆောင်က ကျေးဇူးရှင်လို့ မြင်နေပေမဲ့ ပြည်တွင်းကိုရောက်လာတဲ့ တရုတ်လူမျိုးတွေက မြန်မာအမျိုးသမီးတွေကို ဇနီးသားမယားအဖြစ် စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားနေတဲ့အတွက် သတိထားဖို့ စစ်ကောင်စီခန့် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြောပါတယ်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမမှာ ဇွန် ၂၄ ရက်က ပြုလုပ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး မှာ ပြောဆိုခဲ့တာပါ။

“၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့ပြီး အဲဒီထဲက ၄၈ မှုက တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမှုတွေဖြစ်လို့ တရုတ်လူမျိုးတွေရဲ့ အသုံးချမှု မခံရစေရေးအတွက် သတိထားဖို့နဲ့ ဖော်ထုတ်အရေးယူဖို့ ပြောဆိုခဲ့တာပါ။”

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတို့မှာ တရုတ်လူမျိုးတွေကိုယ်တိုင် သူတို့နဲ့ လက်ထပ်ထိမ်းမြားဖို့ လိုက်လံစည်းရုံး ခေါ်ဆောင်နေပြီး တချို့မှာ စစ်တပ်နဲ့ပတ်သက်နေတာကြောင့် လုပ်ရကိုင်ရတာ ခက်ကြောင်း ရဲအရာရှိတယောက်က DVB ကို ပြောပါတယ်။

“တရုတ်က လူကုန်ကူးတာ သိပေမဲ့ ရဲဘက်က လုပ်ရကိုင်ရတာ ခက်တယ်။ ဥပဒေအရ လုပ်တော့မယ်ဆို စစ်တပ်ကပါလာရော။ တရုတ်နိုင်ငံသားကို ဖမ်းရင် စစ်တပ်ကို အရင်အသိပေးရတယ်။ အကြောင်းမကြားဘဲ ဖမ်းရင် ရဲစခန်းက ထုချေလွှာတင်ရတယ်။ အကြောင်းကြားတော့ ဖမ်းထားတဲ့ တရုတ်ကို ပြန်လွှတ်ပေးရရော။”

ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၄ နဲ့ ၂၀၂၅ ဇွန်လအတွင်း တရုတ်နိုင်ငံ ၄၈ မှု၊ လာအိုနိုင်ငံ ၁ မှု၊ ကမ္ဘောဒီးယား ၁ မှုနဲ့ ပြည်တွင်း ၁၇ မှု စုစုပေါင်း ၆၇ မှုကိုအရေးယူနိုင်ခဲ့ပြီး အဲဒီအမှုတွေထဲမှာ အဓမ္မလက်ထပ်စေမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှု၊ အငှားကိုယ်ဝန်ဆောင်ခိုင်းမှုတွေ ပါတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထောက်ခံပံ့ပိုးပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်အတွက် အရေးကြီးတယ်လို့ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်တာ ၇၅ နှစ်မြောက်ဖြစ်တဲ့ ဇွန် ၈ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013