
မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ နည်းပြမော်ရင်ညိုရဲ့ ဖီနာ ဘာချီအသင်းလည်း ပါဝင်လာပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ မနှစ်ကရာသီက ချဲလ်ဆီးမှာ အငှားထွက်ကစားရင်း ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးဘက်ကပေါင် ၅ သန်း လျော်ကြေပေးပြီး မန်ယူအသင်းဆီ ပြန်လည်စေလွှတ်ခဲ့တာပါ။
ဆန်ချိုကို ခေါ်ယူဖို ဂျူဗင်တပ်အသင်းကလည်း ပစ်မှတ်ထား ကြိုးပမ်းနေသလို နာပိုလီအသင်းကလည်း ခေါ်ယူလိုနေတာပါ။
လက်ရှိအချိန်မှာတော့ နည်းပြမော်ရင်ညို ကိုင်တွယ်နေတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဆန်ချိုဟာ မန်ယူနဲ့ တနှစ်စာချုပ်သာ ကျန်ရှိတော့ပြီး အခုနှစ်ရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ရွေးချယ် သွားရမှာ ဖြစ်ပါတယ်။