
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရမ့်ပ်ဟာ အမေဇုန် ဘီလီယံနာသူဌေး ဂျက်ဖ်ဘေဇို့နဲ့ သတင်းထောက် လော်ရန် စန်ချက်ဇ်တို့ရဲ့ ခုသီတင်းပတ်အတွင်း ကျင်းပမယ့် မင်္ဂလာပွဲ မတိုင်မီ ဇွန် ၂၄ ရက်မှာ ဗင်းနစ် မာကိုပိုလိုလေဆိပ်ကနေ ဗင်းနစ်မြို့ဆီ သင်္ဘောနဲ့ ထွက်သွားခဲ့ပါတယ်။
အီဗန်ကာ ထရမ့်ပ်ဟာ သူနဲ့အတူခင်ပွန်းဖြစ်သူ၊ စီးပွားရေးလုပ်ငန်းရှင် ဂျရဒ်ကုရှ်နာနဲ့ သားသမီး ၃ ယောက်လည်း လိုက်လာပါတယ်။
ရုပ်ရှင်၊ ဖက်ရှင်နဲ့ စီးပွားရေးလုပ်ငန်းတို့က ကြယ်ပွင့်တွေ အပါအဝင် ဧည့်သည် ၂၀၀ လောက် တက်ရောက်မယ်လို့ မျှော်လင့်ရပြီး "ရာစုနှစ်ရဲ့ မင်္ဂလာပွဲ" လို့ နာမည်ပေးထားပါတယ်။
အဲဒီနေ့အစောပိုင်းမှာ ဒီဇိုင်နာ ဒိုင်ယန်ဗန်ဖာ့စတန်ဘာ့ဂ်လည်း ဗင်းနစ်လေဆိပ်မှ ရေပေါ်တက္ကစီ ပေါ်တက်သွားတာ တွေ့ခဲ့ရပါသေးတယ်။
ပြောင်လက်တောက်ပတဲ့ မင်္ဂလာပွဲတွေ ကျင်းပမယ့် နေ့ရက်နဲ့ နေရာအတိအကျကို လျှို့ဝှက်ထားပေမဲ့ ပွဲတွေဟာ ဇွန် ၂၆-၂၈ ဝန်းကျင်မှာ ၃ ရက်အတွင်း ပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။
Source: Reuters