
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဂျပန်လက်ရွေးစင်နောက်ခံလူ ကိုတာတာကာအီကို ပေါင် ၅ သန်း နဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
အရပ် ၆ ပေ ၄ လက်မ မြင့်မားပြီး အသက် ၂၀ ပဲရှိသေးတဲ့ တာကာအီဟာ ဂျေလိဂ်ကလပ် ကာဝါဆာကီဖွန်တေးအသင်းမှာ ကစားနေသူဖြစ်ပြီး တနှစ်တာအကောင်းဆုံး လူငယ်ကစားသမား ဆုရရှိထားသူပါ။
ဂျပန်လက်ရွေးစင်အသင်းအတွက်လည်း ၂ ပွဲကစားထားပြီး အနာဂတ်မှာထွန်းတောက် လာမယ့် ကစာသမားအဖြစ် သတ်မှတ်ခံထားရတာပါ။
လာမယ့်ရက်သတ္တပတ်အတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုဖို့ရှိပြီး အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ပြီးနောက် ဒုတိယမြောက် အာရှကစားသမားတယောက်ကို စပါးအသင်းက ခေါ်ယူခဲ့တာပါ။
တာကာအီအနေနဲ့ ရိုမဲရိုး၊ ဗန်ဒီဗန်၊ ဒမ်ဆိုနဲ့ ဒရာဂူဆင် တို့ရှိနေတဲ့ ဗဟိုနောက်ခံလူနေရာမှာ ပွဲထွက်ခွင့်အတွက် အပြိုင်ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။
Photo: Reuters