
ဂျူဗင်တပ်စ်အသင်းဟာ မန်ယူတောင်ပံကစားသမား ဆန်ချိုအတွက် ထိပ်တန်းကစားသမား ၂ ယောက်အထိ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
အီတလီသတင်းစာ ဂတ်ဇက်တာဒယ်လိုစပေါ့ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်နဲ့အတူ ကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ကိုပါ အလိုက်ပေးပြီး ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဂျူဗီနဲ့ ၁၄၄ ပွဲမှာ ၅၇ ဂိုးသွင်းထားပြီး မန်ယူတိုက်စစ် အတွက် အင်အားဖြည့်တင်းမှုဖြစ်လာနိုင်ပြီး လူးဝစ်ဇ်ဟာလည်း ဗီလာမှာ ခြေစွမ်းပြခဲ့သူဖြစ်လို့ မန်ယူအသင်းအနေနဲ့ အသင်းမှာ အံမဝင်ဖို့ စိုးရိမ်စရာမလိုအပ်ကြောင်း အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။
ဆန်ချို ကိုခေါ်ယူဖို့ နာပိုလီအသင်းကလည်း ပစ်မှတ်ထားနေတာကြောင့် ဂျူဗင်တပ်စ်ဘက်က လက်ဦးမှုရယူဖို့ ကစားသမား ၂ ယောက်အထိ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်တာဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။