
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်စုပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော အင်္ဂါဂြိုဟ်ပုံတူ အခြေစိုက်စခန်းဟာ ဒေသတွင်းမြေပြင်ပုံစံကို အာကာသဆိုင်ရာ အသိပညာနဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထားပြီး ဧည့်သည်တွေအတွက် “လေဟာပြင်အာကာသ” ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးအတွေ့အကြုံတွေရစေမယ့် အခင်းအကျင်းကို ဖန်တီးထားပါတယ်။
ဂန်စုပြည်နယ် ကျင်းချန်းမြို့ဟာ ဂိုဘီသဲကန္တာရထဲမှာရှိပြီး ၆၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မားစ်ဂြိုဟ် အခြေစိုက်စခန်း အမှတ် (၁) လို့ နာမည်ပေးထားတဲ့ မားစ် ဂြိုဟ်ပေါ်မှာ ရှင်သန်ခြင်းဆိုင်ရာ လေ့ကျင့်ရေးစခန်းထဲမှာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးပုံစံတွေ၊ ဂြိုဟ်ဆင်းယာဉ်တွေ၊ ကြယ်ပွင့်ကောင်းကင်တွေပါတဲ့ တဲတွေနဲ့ 3D ပုံ ရိုက်နှိပ်ထားတဲ့ အသိုက်တွေ အပါအဝင် လာလည်သူတွေအတွက် အတွေ့အကြုံ အများကြီးရမယ့် အဆောက်အအုံတွေ ရှိနေပါတယ်။
“ပြင်ပအာကာသကို ခရီးထွက်ရသလို ခံစားရတယ်” လို့ ဧည့်သည်တယောက်က ပြောပါတယ်။
ရိုးရှင်းတဲ့ပုံစံတွေ ရှိပေမဲ့ သုံးဘက်မြင် လှိမ့်ကွင်းတွေနဲ့ စက်ဒလက်လို လေ့ကျင့်ရေး ကိရိယာတွေက စာအုပ်တွေ၊ ဗီဒီယိုတွေထဲမှာ မခံစားနိုင်တဲ့ အလိုလို သိမြင်နိုင်တဲ့ အတွေ့အကြုံကို ပေးစွမ်းနေဆဲဖြစ်လို့ အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ တခြား ဧည့်သည်တယောက်က ပြောပါတယ်။
အခြေစိုက်စခန်းဟာ လာလည်သူတွေအတွက် ဒုံးပျံလွှတ်တင်မှုကို သက်သေပြုဖို့၊ လူကိုယ်တိုင် ဆုံရပ်နဲ့ အထိုင်ချတာတွေကို တွေ့ကြုံခံစားနိုင်စေဖို့၊ အင်္ဂါဂြိုဟ်ပတ်ဝန်းကျင်နဲ့ အသွင်တူတဲ့ နေရာမှာ ဟိုက်ဒရိုပိုနစ်အပင်တွေ ဘယ်လိုကြီးထွားရမလဲ ဆိုတာကို လေ့လာကြည့်ရှုနိုင်ဖို့ ဧည့်သည်တွေအတွက် ပရောဂျက်ပေါင်း ၃၀ ကျော်ကို တီထွင်ထားပါတယ်။
Source: Reuters