DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းဟောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
DVB
·
June 23, 2025
ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းဟောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၅၀ တပ်ရင်းဟောင်းကို ဇွန် ၂၂ ရက် ည ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်းမြို့ခံတယောက်က ပြောပါတယ်။

“မြို့ပေါ်မှာက လူတွေ မရှိဘူးဗျ။ အကုန်စစ်ဘေးရှောင်နေကြရတာ။ မနေ့ကတော့ ခမရ ၅၅၀ ဖက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာရှိတယ်။ စစ်ကောင်စီက သူတို့တပ်ရင်းဟောင်းကို ဘာကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာတော့ မသိဘူး။ အဲဒီတပ်ရင်းမှာလည်း ဘယ်သူမှ မနေကြဘူး။” 

ပုဏ္ဏားကျွန်းမြို့ခံတွေဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက မြို့ပေါ်က စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး လက်ရှိအချိန်အထိ မြို့ပေါ်ကို ဝင်ရောက်နေထိုင်ခွင့် မရှိကြသေးတာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီထိန်းချုပ်ထားချိန်က မြို့မဈေးနဲ့ အိမ်ပေါင်း ၁၀၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခု မတ် ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော်က ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ညကလည်း မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းဌာနဟောင်း ခမရ ၃၈၀ ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ရခိုင်မှာ စစ်ကောင်စီက သူတို့စခန်းဟောင်းတွေကို အခုရက်အတွင်းမှာ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013