
တရုတ်နိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်လို့ ရေကြီးရေလျှံခဲ့ပြီး မြစ် ၂၇ ခုက စိုးရိမ်ရေမှတ်ကျော်လွန်လို့ ထောင်ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတဲ့ အကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာနက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။
မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတွေဖြစ်တဲ့ ကွမ်းရှီး၊ ကွေ့ကျိုးနဲ့ ယူနန်ပြည်နယ်တို့က မြစ်ငယ် ၄ စင်းမှာ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်ရေးအတွက် အမြင့်ဆုံးရေ အဆင့်ဖြစ်တဲ့ ၂ ဒသမ ၅၁ မီတာအထိ ကျော်တက်ခဲ့ပါတယ်။
ယူနန်ပြည်နယ် မုန့်တောင်မြစ်မှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရပါတယ်။
သောကြာနေ့က တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲမြို့မှာ ရုတ်တရက် ရေတက်လာပြီးတဲ့နောက် ရွာသား ၂ ယောက် မြစ်ကမ်းပါးလေးပေါ်မှာ သောင်တင်နေခဲ့လို့ အရေးပေါ်သုံး ရှုခင်းကြည့် ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့ရပါတယ်။
အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်နေပြီး ပြည်နယ်အဆင့် ဒေသကြီး ၆ ခုမှာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးဆိုင်ရာ တုံ့ပြန်မှုတွေကို အာဏာပိုင်တွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပါတယ်။
လာမယ့် သီတင်းပတ်တွေမှာ မိုးပိုလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပြီး မိုးရာသီမှာ ရေလမ်းရှောင်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source: Reuters