DVB Logo
Home
နိုင်ငံတကာ
အီရန်က အစ္စရေးကို  'Castle Buster' ဒုံးကျည်သစ်များဖြင့် ပစ်လွှတ်လိုက်ခိုက် 
DVB
·
June 23, 2025
အီရန်က အစ္စရေးကို  'Castle Buster' ဒုံးကျည်သစ်များဖြင့် ပစ်လွှတ်လိုက်ခိုက် 
Donate to DVB

အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်က တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က သူ့ရဲ့ နျူကလီးယားဆိုင်ရာ ဒုံးကျည်ပစ်လွှတ်မှုအသစ်ကို တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။

ဒုံးကျည် ထိပ်ဖူးပေါင်းများစွာ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ ခိုင်ဘာရှက်ခန်လို့ ခေါ်တဲ့ (Castle Buster) ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ်အဖြစ် ပစ်လွှတ်ခဲ့ပါတယ်။

အီရန်က အစ္စရေးကို ဒုံးကျည် ၄၀ ပစ်လွှတ်ခဲ့တယ်လို့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) က သတင်းထုတ်ပြန်ပါတယ်။

ခိုင်ဘာရှက်ခန် ဒုံးခွင်းဒုံးတွေဟာ ထိရောက်မှုအခိုက်အတန့်အထိ လမ်းညွှန်နိုင်အောင် လျင်မြန်ပြီး ပေါက်ကွဲအားကောင်းတဲ့ ထိပ်ဖူးများစွာ တပ်ဆင်ထားတဲ့အတွက် တိကျမှုနဲ့ အဖျက်စွမ်းအားကို မြှင့်တင်ပေးပါတယ်။

အခုတိုက်ခိုက်မှုအတွင်း ပစ်မှတ်တွေမှာ အစ္စရေးစစ်တပ် ကွပ်ကဲမှုဌာန၊ ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနဌာနနဲ့ တဲလ်အဗစ်မြို့က ဘန်ဂူရီအွန် နိုင်ငံတကာလေဆိပ်တို့ ပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းကစပြီး မြို့တော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ အစ္စရေးက ထိန်းချုပ်ထားတဲ့ ဂျေရုဆလင်မြို့ကနေ China Media Group (CMG) သတင်းထောက် ကျောက်ဘင်က သတင်းပေးပို့ပါတယ်။

“လောလောဆယ် ကျနော် ဂျေရုဆလင်မှာ ရှိနေပြီး မြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်မှု ဥသြသံတွေ အဆက်မပြတ် ကြားနေရပါတယ်။ တချိန်တည်းမှာပဲ အစ္စရေး အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်” လို့ ကျောက်ဘင်က ပြောပါတယ်။

အစ္စရေးလေတပ်က တနင်္ဂနွေနေ့မှာ အီရန်ဒုံးကျည်ပစ်စင်တွေကို ဖျက်ဆီးခဲ့ပြီး အီရန်အနောက်ပိုင်းက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို အသစ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်က ပြောပါတယ်။

အီရန်နိုင်ငံအနောက်မြောက်ပိုင်း တာဘရိစ်မြို့က အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပုံကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို တနင်္ဂနွေနေ့မှာ အစ္စရေး Channel 12 က ထုတ်လွှင့်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က အီရန်နိုင်ငံထဲက နျူကလီးယားနေရာ ၃ ခုဖြစ်တဲ့ ဖောဒေါင်း၊ နန်းတက်ဇ်နဲ့ အက်စ်ဖာဟန်တို့ကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ စနေနေ့ညမှာ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013