
မန်စီးတီးအသင်းအနေနဲ့ ရာသီသစ်မတိုင်ခင် ကစားသမားစာရင်းကို မဖြစ်မနေလျှော့ချသွားရမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အသင်းကြီးမှာပါဝင်တဲ့ ကစားသမားစာရင်းက ၃၅ ယောက်လောက်အထိရှိနေတာပါ။
ကစားသမား များလွန်းနေလို ပွဲမကစားရနိုင်တဲ့ ကစားသမားတွေလည်း အများကြီးရှိနေမှာဖြစ်ပြီး လက်ရှိလူစာရင်းအတိုင်း ရှေ့ဆက်သွားလို့ မရကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
တချိန်တည်းမှာပဲ ဝါရင့်ကွင်းလယ်လူ ဂွမ်ဒိုဂမ်နဲ့ ကိုဗာချစ်တို့ အပါအဝင် ဂျက်ဂရေးလစ်ရှ်၊ ကိုင်ဝေါ်ကာ အစရှိတဲ့ ကစားသမားတွေဟာလည်း လျှော့ချသွားမယ့် လူစာရင်းမှာ ပါဝင်နေပါတယ်။
နည်းပြဂွါဒီယိုလာဟာ အသင်းကို ကျစ်ကျစ်လစ်လစ် တည်ဆောက်သွားလိုပြီး ကစားသမားအယောက် ၂၀ ဝန်းကျင်နဲ့ တရာသီလုံးကို ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
မန်စီးတီးဟာ လက်ရှိအပြောင်းအရွှေ့မှာ ကစာသမားသစ် ၄ ယောက်ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။