DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် စစ်သားအချင်းချင်း ပစ်ခတ်ပြီး ဗိုလ်ကြီး ၁ ဦးနှင့် တပ်စိတ်မှူး ၁ ဦး သေ
DVB
·
June 22, 2025
ခင်ဦးတွင် စစ်သားအချင်းချင်း ပစ်ခတ်ပြီး ဗိုလ်ကြီး ၁ ဦးနှင့် တပ်စိတ်မှူး ၁ ဦး သေ
Donate to DVB

စစ်ကိုင်းတိုင်း‌၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင် ပျူစောထီးရွာမှာ ဇွန် ၂၁ ရက်က စစ်သားအချင်းချင်း ပစ်ခတ်လို့ ဗိုလ်ကြီးတယောက်နဲ့ တပ်စိပ်မှူးတယောက် သေဆုံးခဲ့ပြီး သူတို့ကို သင်္ဂြိုဟ်ရာမှာလည်း ဒရုန်းနဲ့ ဗုံးကြဲခံရတယ်လို့ သိရပါတယ်။

ပျဉ်ထောင်ရွာအနီး ဒေသခံတယောက်က “နေ့ခင်း ၂ နာရီနီးပါးက ပျဉ်ထောင်ရွာအတွင်းထဲကနေ လက်နက်ပစ်သံ ၂ ချက်ကြားလိုက်ရတယ်။ ဘာဖြစ်တာလဲဆိုပြီး ပျဉ်ထောင်ရွာက အသိတယောက်ကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်တယ်။ အဲဒီမှာ စစ်ဗိုလ်တဦးကို တပ်စုမှူးအဆင့်ရှိတဲ့ စစ်သားက မကျေနပ်လို့ ပစ်သတ်တာကနေ သေနတ်သံထွက်ရတာလို့ ပြောတယ်ဗျ။ စစ်ဗိုလ်အဆင့်ရှိသူကို ပစ်သတ်ရမလားဆိုပြီး တပ်သားအဆင့်ရှိသူက ဗိုလ်ကိုပစ်သတ်တဲ့တပ်စုမှူးကို တခါ ပြန်ပစ်သတ်တာလို့ သိရတယ်” လို့ ပြောပါတယ်။

ပျဉ်ထောင်ရွာကို တော်လှန်ရေးအဖွဲ့တွေက  ၂ နှစ်ကျော် ၃ နှစ်နီးပါး  စားနပ်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားလို့ စားစရာမရှိတော့ဘဲ ရွာအတွင်းကမိသားစုဝင်တချို့ဟာ ရွာပြင်ထွက်ပြီး ကာကွယ်ရေးအဖွဲ့တွေဆီ အညံ့ခံသွားတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို အညံ့ခံတာကို တပ်စုမှူးက ရွာအပြင်ထွက်ခွင့်ပြုတာကြောင့် ဗိုလ်ကြီးက အဲဒီတပ်စုမှူးကို အချုပ် ၁၀ ရက်ချအပြစ်ပေးခဲ့ပြီး ချုပ်ရက်ပြည့်တဲ့နေ့ အချုပ်ကနေ ထွက်လာချိန်မှာ ဗိုလ်ကို ပစ်သတ်တာလို့ သိပါတယ်။

ခင်ဦးမြို့နယ် သတင်းနဲ့ ထောက်လှမ်းရေးတာဝန်ရှိသူက “အဲဒီ ပျဉ်ထောင်ရွာမှာက စစ်သားအစစ်က ၁၀ ဦးပဲရှိတာ။ တဦးက ကျနော်တို့မိုင်းဆွဲလို့သေတာ။ ကျန် ၉ ဦးထဲက တဦးက ကျနော်တို့ဆီ အလင်းဝင်တာ။ ကျန်တာ ၈ ဦးပဲကျန်တယ်။ အဲဒီ ၈ ဦးထဲကနေ ဒီနေ့ အချင်းချင်းပစ်သတ်လို့ ၂ ဦး သေဆုံးတယ်ဆိုတာ အတွင်းဖရဲသီးက ပို့လို့ ကျနော်တို့သိရပါတယ်။ ကျနော်တို့ သိရလို သူတို့ဘက်က သေဆုံးအလောင်း ၂  လောင်းကို နမခက နေ လေယာဉ်နဲ့လာသယ်မယ်လို့ သတင်းပြန်လွှင့်တယ်။ တကယ်ရောလာသယ်လားဆိုတော့ မသယ်ဘူးလေ။ ညနေ ၄ နာရီ  လောက်ကျတော့ ပျဉ်ထောင်သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်တယ်လေ။ အဲဒါကို ကျနော်တို့ တော်လှန်ရေးအဖွဲ့က ဒရုန်းယာဉ်နဲ့ဗုံးသီးချတိုက်ခိုက်ခဲ့သေးတယ်။ အဲဒီမှာလည်း ထိခိုက်သေးဆုံးတာတွေလည်း ရှိနိုင်တယ်” လို့ ‌ DVB ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ဗိုလ်ကြီး ကျော်သူလှိုင်နဲ့ တပ်စုမှူး အောင်ကိုဖြိုးတို့ ဖြစ်တယ်လို့ သိရပြီး သေဆုံးတယ်လို့ ဒါနဲ့ပတ်သက်လို့ စစ်ကောင်းစီဘက်က သတင်းးတစုံတရာ ထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013