DVB Logo
Home
အားကစား
ပရီးမီးယားလိဂ် စည်းမျဉ်းချိုးဖောက်ခဲ့သည့် မန်စီးတီးကို ပေါင် ၁ သန်းနီးပါး ဒဏ်ရိုက်
DVB
·
June 21, 2025
ပရီးမီးယားလိဂ် စည်းမျဉ်းချိုးဖောက်ခဲ့သည့် မန်စီးတီးကို ပေါင် ၁ သန်းနီးပါး ဒဏ်ရိုက်
Donate to DVB

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်း ၉ ကြိမ်အထိ ချိုးဖောက်ခဲ့တဲ့မန်စီးတီးအသင်းကို အက်ဖ်အေက ပေါင် ၁ သန်း နီးပါး ဒဏ်ရိုက်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပွဲစတင်ချိန် ဒါမှမဟုတ် ဒုတိယပိုင်း ပွဲပြန်လည်စတင်ရမယ့် အချိန်တွေကို တိတိကျကျ လိုက်နာခြင်းမရှိခဲ့တာဖြစ်ပြီး စည်းမျည်းဖောက်ဖျက်မှု စုစုပေါင်း ၉ ကြိမ် အထိရှိခဲ့ တာပါ။

စည်းမျဉ်း L 33 အရ ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ပွဲစတင်ချိန်နဲ့ ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွေကို သတ်မှတ်ထားတဲ့အချိန်ကာလအတိုင်း တိတိကျကျလိုက်နာဖိုလိုအပ်တာပါ။

မန်စီးတီးအသင်းဟာ  ပထမဆုံးအကြိမ် ချိုးဖောက်မူအတွက် ပေါင် ၄၀,၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီး  ၉ ကြိမ် ချိုးဖောက်ခဲ့မှုအတွက် ပေါင် ၁၉၀,၀၀၀ အထိ ဒဏ်ရိုက်ခံရပါတယ်။

ဒါ့အပြင် တခြားအသေးအဖွဲ့ အမှားတွေနဲ့ စည်းမျဉ်းချိုးဖောက်မှုတွေအတွက် စုစုပေါင်း ပေါင် ၈ သိန်း ထပ်မံ ဒဏ်ရိုက်ခံခဲ့ရတာပါ။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း ၁၃၀ အထိ ချိုးဖောက်ခဲ့မှု အပေါ်မှာတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013