DVB Logo
Home
နိုင်ငံတကာ
သုက်ပိုးအလှူရှင် တယ်လီဂရမ် တည်ထောင်သူ၏ ကလေး ၁၀၀ ကျော် အမွေရမည် 
DVB
·
June 21, 2025
သုက်ပိုးအလှူရှင် တယ်လီဂရမ် တည်ထောင်သူ၏ ကလေး ၁၀၀ ကျော် အမွေရမည် 
Donate to DVB

တယ်လီဂရမ် တည်ထောင်သူ ရုရှားဘီလီယံနာ ပါဗယ်ဒူရော့ဗ်ဟာ သူ့မှာ သားသမီး အယောက် ၁၀၀ ကျော်ရှိပြီး အားလုံးအတွက် အမွေခွဲဝေပေးမှာဖြစ်ကြောင်း အတည်ပြုပါတယ်။

အသက် ၄၀ အရွယ် ဒူရော့ဗ်ဟာ အမျိုးသမီး ၃ ယောက်နဲ့ သဘာ၀အတိုင်း ရထားတဲ့ ကလေး ၆ ယောက်ရဲ့ တရားဝင်ဖခင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက သုက်ပိုးလှူဒါန်းလာသူ ဖြစ်တဲ့အလျောက် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ နောက်ထပ်ကလေး ၁၀၆ ယောက်ထက်မနည်းကို ရရှိထားပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဒေါ်လာ ၁၇ ဒသမ ၁ ဘီလီယံ ကြွယ်၀တဲ့ ဒူရော့ဗ် ကနေ သူ့ပိုင်ဆိုင်မှုတွေကို သားသမီး အားလုံးအတွက် မျှဝေပေးမယ်ဆိုပြီး ပြောပါတယ်။

“ကျနော့်ကလေးတွေကြားမှာ ဘာကွာခြားမှုမှ မရှိပါဘူး။ အားလုံးဟာ ကျနော့်ကလေးတွေ ဖြစ်ပြီး အကုန် တူညီတဲ့ အခွင့်အရေးမျိုး ရရှိမှာပါ” လို့ ဒူရော့ဗ်က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ဒူရော့ဗ်ဟာ သူငယ်ချင်းတယောက်ကို အကူအညီပေးဖို့အတွက် ပထမဆုံး သုက်ပိုးလှူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကလွဲရင် နောက်ပိုင်းမှာ အမည်မဖော်ဘဲ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သာမန်လူတွေလိုမျိုးသာ ရှင်သန်စေချင်တဲ့အတွက် လာမယ့်နှစ် ၃၀ မပြည့်မချင်း ကလေးတွေအနေနဲ့ အမွေဆက်ခံခွင့် ရဦးမှာမဟုတ်ကြောင်း ဖြည့်စွက်ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီနည်းပညာသူဌေးက သေတမ်းစာကို ရေးထားပြီးဖြစ်သလို သူ့အလုပ်ဟာ အန္တရာယ်များတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Le Point ပြင်သစ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ ဒူရော့ဗ်က “လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးတဲ့အခါ အင်အားကြီးနိုင်ငံတွေ အပါအဝင် ရန်သူများစေပါတယ်” ဆိုပြီး ဖြေဆိုသွားပါတယ်။

တယ်လီဂရမ်ပေါ်မှာ ကလေးသူငယ် လိင်ပိုင်းစော်ကားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လိမ်လည်မှု စတဲ့ တရားမဝင်ကိစ္စတွေ လည်ပတ်နိုင်အောင် ခွင့်ပြုပေးထားတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ပြင်သစ်အာဏာပိုင်တွေက ဒူရော့ဗ်ကို စွဲချက်တင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တယ်လီဂရမ် စီးအီးအိုဖြစ်သူက ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်ထားသလို ရာဇဝတ်မှုစွဲချက်တွေကိုလည်း “လုံးဝအဓိပ္ပာယ်မရှိဘူး” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တယ်လီဂရမ်ဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှု အပါအဝင် လျှို့ဝှက်ကုဒ်နဲ့ စာပို့နိုင်တဲ့ Encryption ဝန်ဆောင်မှုကြောင့် လစဉ် အသုံးပြုသူပေါင်း ၁ ဘီလီယံကျော်အထိ ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013