DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုတွင် လျှို့ဝှက်ရေနံချက်စက်ရုံ တွေ့ရှိခဲ့ပြီး ရေနံစိမ်းစည် ၅ သိန်း သိမ်းဆည်းရမိ
DVB
·
June 20, 2025
မက္ကဆီကိုတွင် လျှို့ဝှက်ရေနံချက်စက်ရုံ တွေ့ရှိခဲ့ပြီး ရေနံစိမ်းစည် ၅ သိန်း သိမ်းဆည်းရမိ
Donate to DVB

မက္ကဆီကိုအာဏာပိုင်တွေဟာ အခုသီတင်းပတ်အတွင်းမှာ နိုင်ငံအရှေ့ပိုင်းရှိ ဗေရာခရုဇ်ပြည်နယ်မှာ နိုင်ငံတော်ရဲ့ ရေနံပိုက်လိုင်းတွေကနေ ခိုးယူခံရတယ်လို့ သံသယရှိစရာ ရေနံစိမ်းစည်ပေါင်း ၅၀၀,၀၀၀ နဲ့အတူ လျှို့ဝှက် အသေးစား ရေနံချက်စက်ရုံတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အစိုးရဟာ ရေနံစိမ်းနဲ့ သန့်စင်ပြီး ရေနံထွက်ကုန်တွေအပြင် ဟွာချီကိုးလ်လို့ ခေါ်တဲ့ တရားမဝင် တင်သွင်းမှု ခိုးယူမှုတွေကို တင်းတင်းကျပ်ကျပ် တားဆီးနှိမ်နင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီလိုအမှုပေါင်းများစွာကြောင့် နိုင်ငံတော်စွမ်းအင်ကုမ္ပဏီ ပီမက်ခ်စ်နဲ့ အစိုးရအတွက် အလွန်အကျွံ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။

အာဏာပိုင်တွေဟာ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေနဲ့ ပီးမက်ခ်စ် ဝန်ထမ်းတွေ ဥပဒေမဲ့ အရောင်းအဝယ်တွေနဲ့ အချိတ်အဆက်တွေရှိတယ်လို့ ယူဆထားတာပါ။

လျှို့ဝှက်ရေနံချက်စက်ရုံအသေးရဲ့ ပိုင်ရှင်တွေကို ရိုက်တာက ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလျှို့ဝှက်ရေနံချက်စစ်ဆင်ရေးကို ထောက်လှမ်းရေးလုပ်ဆောင်ချက်တွေနဲ့ လေကြောင်း စောင့်ကြည့် ထောက်လှမ်းမှုတွေကနေ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွှတ်ချ်က ဇွန် ၁၈ ရက်က X မှာ ပို့စ်တင်ထားပါတယ်။

အဲဒီအသေးစားစက်ရုံကနေ လက်လုပ်ဒီဇယ်တွေ၊ မီးလောင်လွယ်တဲ့ ဟိုက်ဒရိုကာဗွန် အရည်တမျိုးဖြစ်တဲ့ အပေါ့စား နက်ဖ်သာနဲ့ ပျော်ရည်တွေ၊ ပြုပြင်သန့်စင်ထားတဲ့ ဆီတွေ သို့မဟုတ် အပေါ့စား လောင်စာဆီတွေ ထုတ်လုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒေသတွင်း ဂေဟစနစ်တွေကို အန္တရာယ်ဖြစ်စေတဲ့ ဒီလုပ်ငန်းတွေအားလုံးမှာ သင့်လျော်တဲ့ ဘာခွင့်ပြုချက် ပါမစ်မှ မရှိဘူးလို့လည်း ဆိုပါတယ်။

အာဏာပိုင်တွေဟာ ရေနံစိမ်း လီတာ ၅၀၀,၀၀၀ နဲ့ နိုင်ငံရဲ့ တရားမ၀င် လောင်စာဆီဈေးကွက်ကို ထောက်ပံ့ပေးတဲ့ ထုတ်လုပ်မှု အခြေခံအဆောက်အအုံတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

သီးခြားအနေနဲ့လည်း အာဏာပိုင်တွေဟာ မြောက်ပိုင်း နွေဗိုလေယွန်ပြည်နယ်မှာ ဟိုက်ဒရိုကာဗွန် လီတာ ၁ ဒသမ ၂ သန်း၊ လောင်စာဆီ ထရပ်ကားတွေနဲ့ ကွန်တိန်နာတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မေလနှောင်းပိုင်းတုန်းကလည်း နိုင်ငံအရှေ့တောင်ပိုင်းမှာ ဟိုက်ဒရိုကာဗွန် လီတာ ၃,၀၀၀,၀၀၀ ကျော်ကို အာဏာပိုင်တွေ ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013