DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်နှင့်တရုတ်တွင် အမျိုးသမီးများအား ဆေးခတ် အဓမ္မကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ် ၂၄ နှစ်ချမှတ်
DVB
·
June 20, 2025
ဗြိတိန်နှင့်တရုတ်တွင် အမျိုးသမီးများအား ဆေးခတ် အဓမ္မကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ် ၂၄ နှစ်ချမှတ်
Donate to DVB

ဗြိတိန်နဲ့ တရုတ်နိုင်ငံမှာ အမျိုးသမီး ၁၀ ယောက်ကို ဆေးခတ်၊ အဓမ္မကျင့်မှုနဲ့ တရုတ် ပါရဂူတန်းကျောင်းသား ကျန်းဟောင်ကျိုးကို လန်ဒန်တရားရုံးတရုံးက ထောင် ၂၄ နှစ် ချမှတ်လိုက်ပါတယ်။

နောက်ထပ် အမျိုးသမီး ၅၀ ကျော်ကိုလည်း အလားတူပြုကျင့်ခဲ့တယ်လို့ ရဲတွေက ယူဆထားပြီး အသေးစိတ် မဖော်ထုတ်နိုင်သေးတာဖြစ်တဲ့အတွက် အထောက်အထားခိုင်လုံတဲ့ ၁၀ ယောက်အတွက်ပဲ ကနဦး စွဲချက်တင်၊ ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အဆိုပါပုဂ္ဂိုလ်ဟာ အွန်လိုင်းပလက်ဖောင်းတွေ၊ ချစ်သူရှာ ချိန်းဆိုတဲ့ အက်ပလီကေးတွေ သုံးပြီး မိန်းကလေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက်မှာ သောက်ကြစားကြမယ်၊ စာလုပ်မယ်လို့ ချိန်းဆိုပြီးတော့ သူ့အိမ်ခေါ်ပြီးတော့မှ ဆေးခတ်တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးတွေ သတိလစ်မေ့မျောနေချိန်မှာ အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာ လက်ဝတ်ရတနာနဲ့ အဝတ်အစားတချို့ကို ယူထားခဲ့တယ်လို့ ဆိုပါတယ်။

မုဒိမ်းမှု ၁၁ မှု အပါအဝင် ပြစ်မှု ၂၈ ခုအတွက် အပြစ်ရှိတယ်လို့ မတ်လကတည်းက တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇွန် ၁၉ ရက်မှာမှ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ကာလကို နုတ်ပယ်ပြီးတော့ အနိမ့်ဆုံး ၂၄ နှစ် ကျခံရမယ့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

အင်မတန်ကို ကြိုးကိုင်ခြယ်လှယ်တတ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ လူငယ်တယောက်ဟာ အမျိုးသမီးတွေနဲ့ ဆန္ဒနဲ့ ခံစားချက် အားလုံးကို ထည့်မတွက်ခဲ့ဘူးလို့ တရားသူကြီးက သုံးသပ်ပါတယ်။

ကွမ်တုံပြည်နယ်က ဒီပုဂ္ဂိုလ်ဟာ ၂၀၁၇ မှာ ဗြိတိန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနီဗာစီတီကောလိပ် လန်ဒန်မှာ ၂၀၁၉ ကတည်းက ပါရဂူဘွဲ့တန်း သင်ကြားနေတာ ဖြစ်ပါတယ်။

အမျိုးသမီးတယောက်က တိုင်ကြားရာကနေ ရဲက ဝင်စစ်ဆေးခဲ့ရာမှာ သူ့အိမ်ထဲမှာ ဆေးတွေနဲ့ ဖုံးကွယ်ထားတဲ့ ကင်မရာတွေ တွေ့ရှိခဲ့ပါတယ်။

သူ့လက်ပ်တော့တွေ၊ ဖုန်းတွေမှာလည်း ရာနဲ့ချီတဲ့ ဗီဒီယိုတွေ၊ သန်းချီတဲ့ မက်ဆေ့ချ်တွေ တွေ့ရှိခဲ့ရပြီး သူဟာ ဗြိတိန်မှာသာမက တရုတ်ပြည်မှာပါ အလားတူ အမှုများစွာ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013