DVB Logo
Home
နိုင်ငံတကာ
BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ ဘရာဇီးတွင် လုံခြုံရေးလေ့ကျင့်
DVB
·
June 20, 2025
BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ ဘရာဇီးတွင် လုံခြုံရေးလေ့ကျင့်
Donate to DVB

ဘရာဇီး ကမ်းရိုးတန်းမြို့ ရီယိုဒီဂျနေရိုမှာ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်တို့မှာ ကျင်းပမယ့် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ လုံခြုံရေးလေ့ကျင့်ခဲ့ပါတယ်။

လေ့ကျင့်ရေးအစီအစဉ်ကို ရီယိုဒီဂျနေရိုမြို့မှာရှိတဲ့ ခံတပ်ထဲမှာ ကျင်းပခဲ့ပြီး ဓာတု၊ ဇီဝဗေဒ၊ ဓာတ်ရောင်ခြည်နဲ့ နျူကလီးယားတို့နဲ့ တိုက်ခိုက်မှုတွေကို ပုံဖော်တဲ့ လေ့ကျင့်ခန်းတွေလည်း ပါပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ဘရာဇီးရေတပ်၊ ကြည်းတပ်၊ လေတပ်တို့ဟာ ပြည်သူ့ လုံခြုံရေးအဖွဲ့တွေ၊ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ဒီလေ့ကျင့်ရေးဟာ COP30၊ 2027 အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲတို့ အပါအဝင် ဘရာဇီးက အရေးပါတဲ့ နိုင်ငံတကာပွဲတွေအတွက် အဆင်သင့်ပြင်ဆင်ထားဖို့ ရည်ရွယ်ပါတယ်။

BRICS ဟာ အတိုကောက်ဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့လို အဓိက ထွန်းသစ်စ စီးပွားရေး ၅ နိုင်ငံကို ရည်ညွှန်းပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အတူတကွ ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မကြာသေးမီက ဗီယက်နမ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ပါဝင်လာခဲ့ပါတယ်။

ဒါကြောင့် အစဉ်အလာ အနောက်အင်အားကြီးနိုင်ငံတွေနဲ့လည်း သံတမန်ရေးရာ တန်ပြန် အလေးချိန် တိုးလာစေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013