DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် စစ်ဖြစ်နေသည့် အီရန်တွင် အင်တာနက်နှင့် ဖုန်းပြတ်တောက်
DVB
·
June 20, 2025
အစ္စရေးနှင့် စစ်ဖြစ်နေသည့် အီရန်တွင် အင်တာနက်နှင့် ဖုန်းပြတ်တောက်
Donate to DVB

ဒေသတွင်း တင်းမာမှုမြင့်တက်နေချိန်မှာ အီရန်အစိုးရက အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေးကို ကန့်သတ်လိုက်ပြီး လောင်စာဆီခွဲတမ်းတွေနဲ့ စစ်ဆေးရေးစခန်း တိုးချတာတွေ အပါအဝင် လုံခြုံရေး ကန့်သတ်ချက်အသစ်တွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာ စီစီတီဗီက ဇွန် ၁၈ ရက်မှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံ အရှေ့အဇာဘိုင်ဂျန်ပြည်နယ် မြို့တော် တာဘရီဇ်က China Media Group (CMG) သတင်းဌာနရဲ့ သတင်းထောက် လီကျန်းနန်က သူ့ရဲ့ တရုတ်နဲ့ အီရန် ဖုန်းဆင်းမ်ကတ်နှစ်ခုစလုံး ဇွန် ၁၇ ရက် နေ့လယ်ပိုင်းလောက်မှာ အင်တာနက် ပြတ်တောက်သွားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံက နိုင်ငံအတွင်းဝင်လာတဲ့ ကိုယ်ပိုင် အီလက်ထရွန်နစ် စက်ပစ္စည်းတွေ အတွက် ခွင့်ပြုချက်ရဖို့ ရှည်လျားတဲ့ စည်းမျဉ်းသစ်တွေကို ချမှတ်ခဲ့ပါတယ်။

ဆီဖြည့်ဖို့ မော်တော်ယာဉ် ခွဲတမ်းတွေ အကောင်အထည်ဖော်တဲ့အပြင် လမ်းဘေးတလျှောက် စစ်ဆေးရေးဂိတ်တွေလည်း ထပ်တိုးချထားခဲ့ပါတယ်။

အီရန်နယ်စပ်ဒေသကနေ တီဘရီဇ်ဆီ နှစ်နာရီကြာ ကားမောင်းလာချိန်အတွင်း ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးဖို့ စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်းကို ထားခဲ့တယ်လို့ လီက ပြောပါတယ်။

အီရန်နဲ့ အစ္စရေးတို့ကြား စစ်ပွဲတွေ ပြင်းထန်နေချိန်မှာ ပြည်ပရောက် အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလာဝီက အစ္စလမ္မစ်သမ္မတနိုင်ငံအစိုးရ ပြိုလဲသွားခြင်းက နောက်ပြန်မဆုတ်နိုင်တော့ဘူးလို့ ကြေညာရင်း အီရန်နိုင်ငံသားတွေ အုံကြွပြီး အီရန်ကို ပြန်သိမ်းယူဖို့ သူ့ရဲ့ နိုင်ငံသားတွေကို လူမှုကွန်ရက်မီဒီယာ X ပေါ်ကနေ တိုက်တွန်းထားပါတယ်။

“အစ္စလာမ့်သမ္မတနိုင်ငံ ဆုံးခန်းတိုင်ပြီး ပြိုကျနေပါပြီ။ အစပြုတဲ့အရာက နောက်ပြန်မဆုတ်နိုင်တော့ပါဘူး။ အနာဂတ်က တောက်ပပြီး သမိုင်းစာမျက်နှာကို အတူတူ လှန်လိုက်မယ်။ အခုက မတ်တပ်ရပ်ရမယ့်အချိန်၊ အီရန်ကို ပြန်လည်ရယူရမယ့် အချိန်ပါပဲ။ မကြာခင်မှာ အတူရှိနိုင်ပါစေ” လို့ သူတင်ထားတဲ့ ဗီဒီယိုတခုမှာ ပြောထားပါတယ်။

ပါလာဝီဟာ အီရန်ရဲ့ နောက်ဆုံးဘုရင် မိုဟမ်မဒ် ရီဇာရှားပါလာဝီရဲ့ အကြီးဆုံးသားတော်ပါ။ ၁၉၆၇ ခုနှစ်က သူ့ဖခမည်းတော် နန်းတက်ချိန်မှာ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ရှားဘုရင် ကျဆုံးပြီး ၁၉၇၉ အစ္စလာမ့်တော်လှန်ရေး မတိုင်မီ ၁၉၇၈ နှစ် အသက် ၁၇ နှစ်အရွယ်မှာ အီရန်ကနေ ထွက်ပြေးခဲ့ရပါတယ်။

အစ္စရေးနဲ့ အီရန် ပဋိပက္ခကြားမှာ အမေရိကန်နိုင်ငံသားတွေ သံတမန်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေနဲ့  ဝန်ထမ်းတွေကို ပံ့ပိုးကူညီဖို့ အရှေ့အလယ်ပိုင်း အထူးတပ်ဖွဲ့ကို အမေရိကန်က ထူထောင်ထားပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ဇွန် ၁၇ ရက်မှာ ပြောခဲ့ပါတယ်။

ဒီအဖွဲ့ဟာ နိုင်ငံခြားရေးဌာနနဲ့ အမေရိကန်နိုင်ငံသားတွေ လိုအပ်နိုင်တဲ့ အချက်အလက်တွေကို ရတာ သေချာစေဖို့ ရည်ရွယ်ထားတယ်လို့ ဘရုစ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013