DVB Logo
Home
နိုင်ငံတကာ
ပတ္တယားတွင် ကျားဖြန့်နှင့် ပြည့်တန်ဆာ လုပ်ကိုင်သည့်  နိုင်ငံခြားသားများ ဖမ်းဆီးရမိ 
DVB
·
June 18, 2025
ပတ္တယားတွင် ကျားဖြန့်နှင့် ပြည့်တန်ဆာ လုပ်ကိုင်သည့်  နိုင်ငံခြားသားများ ဖမ်းဆီးရမိ 
Donate to DVB

 

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ပတ္တယားကမ်းခြေမှာ  တရားမဝင် လောင်းကစား၊ ပြည်တန်ဆာနဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၄၀ ကျော် ဖမ်းဆီး ရမိတယ်လို့  တိုင်းဒေသ ၃ လဝက ရဲတပ်ဖွဲ့က  ဇွန် ၁၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့၊ နောင်ပရီရပ်ကွက် ဆုခိုဗစ်လမ်းက  Antai Apartment အမည်ရှိ ၈ ထပ်တိုက် တလုံးကို နယ်မြေခံရဲ၊ လဝကနဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ စုပေါင်းအင်အား ၅၀ ကျော်ဟာ  ဇွန် ၁၆ ရက် ည ၁၁ နာရီခွဲလောက်က  ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တယ်လို့ အမှတ် ၃  လဝကရဲတပ်ဖွဲ့ ရဲမှူးကြီး ချိုင်းယားရစ်  အနုရစ်က ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က အဆိုပါလမ်းထဲမှာ ခိုက်ရန်ဖြစ်ပွါး ပစ်ခတ်မှုရှိခဲ့တယ်၊  ဒဏ်ရာရသူကို အဲဒီတိုက် ထဲဆွဲ ခေါ်သွားပြီး သွေးစတွေကို ရေဆေးသုတ်သင်ရှင်းလင်းတာတွေ့ကြောင်း သတင်းပေးချက်ရ လို့ ရဲတွေက စောင့်ကြည့်ပြီး  သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံးအထပ်မှာ ဧည့်ကြိုကောင်တာရှိပြီး ဒုတိယထပ်မှာတော့ အမျိုးသားတွေရော အမျိုးသမီးတွေပါ သောက်စားမူးယစ်တာ၊ ဝိုင်းဖွဲ့လောင်းကစားနေတာ တွေ့ရတယ်။

အဲဒီမှာ ကာစီနို၊ ကိုးမီးဖဲဝိုင်း၊ ငါးပစ်ဂိမ်းစ်တွေပါရှိတယ်၊ သိန်းနဲ့ချီတဲ့ ငွေစက္ကူတွေ ပုံထားတယ်၊   တာဝန်ရှိသူတွေ ဝင်လာတာတွေ့တော့ တချို့က  အလန့်တကြားနဲ့ အပေါ်ထပ်ကို ပြေးတက် သွားကြတယ်၊ အပေါ်ထပ် ၃ မှ ၇ ထိ အိပ်ခန်းပေါင်း ၅၀ ရှိပြီး တချို့အခန်းမှာ ကေတီဗွီ ကာရာအိုကေရှိကာ တရုတ်နိုင်ငံသားတွေနဲ့ ပျော်ပါးနေတဲ့ ထိုင်းအမျိုးသမီးတွေပါတွေ့ရှိတယ်၊ အပေါ်ဆုံးထပ်မှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ တွေ့ရှိတယ်၊ အဲဒီကနေ ကွန်ပြူတာ ၉ လုံးနဲ့ လက်ကိုင်ဖုံး ၁၅ လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

လောင်းကစားဝိုင်းရှိတဲ့ ဒုတိယထပ်ကနေ နိုင်ငံခြားသား အယောက် ၂၀ ဦး ဖမ်းမိခဲ့ပြီး  အဲဒီထဲမှာ တရုတ်နိုင်ငံသား ၁၆ ယောက် ၊ ဗီယက်နမ် ၃ ယောက် ၊ စင်ကာပူ တယောက် ပါဝင်တယ်။

အထပ် ၃ မှ ၇ ထိ ၂၄ ယောက် ဖမ်းမိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၁၆ ယောက်၊ စင်ကာပူ ၂ ယောက် ၊ ကမ္ဘောဒီးယားတယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ပါဝင်တယ်ပြီး ၈ ထပ်မှာတော့ တရုတ်နိုင်ငံသား ၆  ယောက် ပါဝင်တယ်။ 

သူတို့တွေဟာ အများအားဖြင့် အလည်အပတ်ဗီဇာတွေနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပြီး ကမ္ဘောဒီးယားနဲ့ မြန်မာကတော့ အလုပ်သမားတွေဖြစ်ကာ အထောက်အထားမဲ့သူ ၃ ယောက်ပါ ဝင်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေအားလုံးရဲ့ အထောက်အထားနဲ့ Antai Apartment မှာပါဝင်ပတ်သက်နေတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်စစ်ဆေးခွဲခြမ်းပြီး တည်ဆဲဥပဒေနဲ့ လိုအပ်သလို အရေးယူ သွားမယ်လို့  တိုင်းဒေသ ၃ လဝက ရဲမှူးကြီးက  ပြောပါတယ်။ 

Source : 3Plus News / CH 8 TV News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013