
ရွှေလေပတ်ကားသမားတွေကို ဇွန် ၁၅ ရက်ဝန်းကျင်က ခေါ်ယူစစ်မေးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ပြည်တွင်းရွှေဈေးတန့်နေပြီး အကျဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။
ရွှေဈေးဆွဲတင်နေသူတွေနဲ့ အွန်လိုင်း လေပတ်ကား ရွှေရောင်းဝယ်သူတွေကို တိုင်ကြားထားမှုတွေ ရှိတဲ့အတွက် တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းစစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန်လ ၁၅ ရက်က မီဒီယာအချို့ကို ပြောကြားခဲ့တာပါ။
အဲဒီနောက်မှာတော့ ပြည်တွင်းရွှေဈေးကွက် အနည်းငယ် တန့်သွားခဲ့ပြီး အကျဘက်ကို ဦးတည်လာခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာ ဇွန် ၁၅ ရက်က ၁၆ ပဲရည်တကျပ်သားကို ကျပ်ငွေ သိန်း ၈၀ အထိ ပေါက်ခဲ့ပေမဲ့ ဇွန် ၁၈ ရက်မှာတော့ ကျပ်ငွေ ၇၉ သိန်း ၄ သောင်း သာရှိတာ့တာပါ။
၁၅ ပဲရည်မှာလည်း တကျပ်သားကို ၇၅ သိန်းကျော်ရှိရာကနေ ဇွန် ၁၈ ရက်အရောက်မှာတော့ ၇၄ သိန်း ၇ သောင်းနဲ့ ပြန်လည်ကျဆင်းနေခဲ့တာဖြစ်ပါတယ်။
ဈေးကွက်အတွင်းမှာတော့ ပြန်လည် ရောင်းချလိုသူ အနည်းငယ်နဲ့သာ လည်ပတ်နေပြီး အဝယ်ကတော့ ပါးနေတယ်လို့ သိရပါတယ်။