
အာဂျင်တီးနားနိုင်ငံ မြို့တော်က လမ်းမတွေပေါ်မှာ ထောင်နဲ့ ချီတဲ့ လိင်တူချင်းစိတ်ဝင်စားသူတွေ၊၊ ဒွိလိင်တွေ၊ လိင်ပြောင်းထားသူတွေဟာ စနေနေ့က Gay Pride ဂေးဂုဏ်သိက္ခာနေ့ ၂၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံကြပါတယ်။
အာဂျင်တီးနားဟာ လက်တင်အမေရိကမှာ လိင်တူချင်း စိတ်ဝင်စားသူတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လာရင် ရှေ့တန်းရောက်တဲ့ နိုင်ငံဖြစ်ပါတယ်။
လိင်တူချင်း ထိမ်းမြားလက်ထပ်ခြင်းကို ၂၀၁၀ ပြည့်နှစ်မှာ တရားဝင်ခွင့်ပြုခဲ့တာဖြစ်ပြီး လက်တင်အမေရိကားမှာ ဒီလို ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="71044,71045,71046,71047,71048,71049,71050,71051,71052,71053,71054,71055,71056,71057,71058,71059,71060"]











