DVB Logo
Home
နိုင်ငံတကာ
ဘရတ်ဒ်ပစ်၏ “F1” ရုပ်ရှင်အသစ် ဇွန် ၂၇ ရက်တွင် ရုံတင်ပြသမည်
DVB
·
June 17, 2025
ဘရတ်ဒ်ပစ်၏ “F1” ရုပ်ရှင်အသစ် ဇွန် ၂၇ ရက်တွင် ရုံတင်ပြသမည်
Donate to DVB

“F1” ရုပ်ရှင် အထူးပြပွဲကို နယူးယောက်ခ်မြို့ရဲ့ နာမည်ကျော် တိုင်းမ်စ်စကွဲစင်တာမှာ ဇွန် ၁၆ ရက်က အနုပညာရှင်တွေ၊ ဖော်မြူလာဝမ်း ကားမောင်းသမားတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။

“F1” ဖော်မြူလာဝမ်း အမည်ရ အဲဒီရုပ်ရှင်ကို ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် လူးဝစ်(စ်) ဟာမီလ်တန်က ပူးတွဲထုတ်လုပ်သူအဖြစ် ပါဝင်ထားပြီး လာမယ့် ဇွန် ၂၇ ရက်မှာ ရုံတင်ဖို့ရှိပါတယ်။

အသက် ၆၁ နှစ်အရွယ် မင်းသားကြီး ဘရတ်ဒ်ပစ်ဟာ ဆန်နီဟေးစ် ဆိုတဲ့ အဓိကဇာတ်ကောင်နေရာမှာ ဗြိတိန်သရုပ်ဆောင် ဒမ်ဆန် အီးဒရစ်(စ်) နဲ့အတူ တွဲဖက်ပြီး ပါဝင်ထားပါတယ်။

F1 ဇာတ်ကားထဲမှာ အချိန်အတော်ကြာ ပြိုင်ပွဲတွေကနေ ကင်းကွာနေခဲ့ပြီး အတွေ့အကြုံများတဲ့ မောင်းနှင်သူအနေနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲတွေကို တကျော့ပြန်လာမယ့်သူအဖြစ် ပုံဖော်ထားပါတယ်။

အဲဒီထဲမှာ ဘရတ်ဒ်ပစ်က သူငယ်ချင်းဖြစ်သူရဲ့ ပြိုင်ပွဲဝင် အသင်းကို ကူညီကယ်တင်ရမယ့်အပြင် တက်သစ်စ လူငယ်ကားမောင်းသမားအတွက်ပါ လမ်းညွှန်ပေးရမယ့် ပုံစံမျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

F1 ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဂျိုးဆက်ဖ် ကိုဆင်စကီး ကတော့ အဓိကဇာတ်ဆောင် ၂ ယောက်ဟာ “တကယ့် F1 ပြေးလမ်းမှာ ပြိုင်ကားအစစ်တွေကို ကိုယ်တိုင်မောင်းနှင်ခဲ့ကြတာ ဖြစ်တယ်” လို့ ပြန်ပြောပြပါတယ်။

အော်စကာဆုရ စပိန်သရုပ်ဆောင် ဟာဗီရယ် ဘာဒမ်း ကလည်း APX GP ဆိုပြီး အမည်ပေးထားတဲ့အသင်းကို ဦးဆောင်သူအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ ရာသီ အပါအဝင် ဗြိတိန်ဂရန်းပရီ ပြိုင်ပွဲကျင်းပရာ Silverstone ပတ်လမ်းမှာ အခြေတည်ထားတာ ဖြစ်သလို တကယ့်ဖော်မြူလာဝမ်း ပြိုင်ပွဲအစစ်တွေမှာလည်း ဝင်ရောက် ရိုက်ကူးထားပါတယ်။

F1 ရုပ်ရှင်နမူနာကိုတော့ ဖော်မြူလာဝမ်း ရာသီသစ်စတင်မယ့် အချိန်နဲ့ကိုက်ပြီး မတ် ၁၆ ရက်က သြစတြေးလျ-ဂရန်းပရီ ပြိုင်ပွဲကျင်းပချိန်မှာ ထုတ်လွှင့်ပေးခဲ့ပါတယ်။

“ကျနော်တို့မှာ ရုပ်ရှင်အတွက် ရိုက်ကူးထားတဲ့ နာရီပေါင်း ၅,၀၀၀ ကျော်စာ ဖိုင်တွေရှိပါတယ်။ အဲဒါတွေကို ကြာချိန် ၂ နာရီခွဲဖြစ်တဲ့အထိ ချုံ့ခဲ့ရတာပါ။ ဒါကြောင့် ပရိသတ်တွေဟာ အမိုက်ဆုံးနဲ့ အကောင်းဆုံး ရိုက်ချက်တွေသာ ကြည့်ရမယ်ဆိုတာ ကတိပြုပါတယ်။ အားလုံးတည်းဖြတ်နိုင်ဖို့အတွက် အချိန် ၂ နှစ်နီးပါးလောက် ကြာမြင်ခဲ့တယ်” ဆိုပြီး ဒါရိုက်တာဖြစ်သူက မှတ်ချက်ပေးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013