DVB Logo
Home
မြန်မာသတင်း
မင်းဘူးမြို့နယ် ပြောင်းရွှေ့ခံ အာအိုစီကျေးရွာသားများ အခက်ကြုံ
DVB
·
November 16, 2014
မင်းဘူးမြို့နယ် ပြောင်းရွှေ့ခံ အာအိုစီကျေးရွာသားများ အခက်ကြုံ
1 / 3
Donate to DVB

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ထောက်ရှာပင် ရေနံမြေနဲ့ မလွတ်လို့ အာအိုစီကျေးရွာကို အရင်စစ်အစိုးရက လက်ထက်ကတည်းက ဖျက်သိမ်းပြီး ရွာကနေမောင်းထုတ်လိုက်တဲ့အတွက် ရွာသူရွာသားတွေဟာ အခုချိန်ထိ ဒုက္ခရောက်နေကြပါတယ်။

ထောက်ရှာပင်ရေနံမြေနဲ့မလွတ်ကင်းလို့ ဆိုကာ နစ်နာကြေးတပြားတချပ်မှမပေးပဲ အရင် စစ်အစိုးရက စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ၁၉၉၂ ခုနှစ်က ၄ ရက်အတွင်း ဖယ်ရှားပေးရမယ်ဆိုပြီး လက်နက်တွေနဲ့ ခြိမ်းခြောက်မောင်းထုတ်ခဲ့တာပါ။

ဒေသခံတွေက သီးနှံတွေ ရိပ်သိမ်းပြီးမှပြောင်းပေးမယ်လို့ တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေက လက်မခံဘဲ အထက်အမိန့်အရဆိုပြီး ဘူဒိုဇာတွေနဲ့ပါ ဖျက်စီးဖို့လုပ်ခဲ့တဲ့အတွက်  ပစ္စည်းတွေထားပြီး ထွက်ခဲ့ရတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

[caption id="attachment_71037" align="alignleft" width="300"]u aung mwe copy ဦးအောင်ငွေ[/caption]

ပြောင်းရွှေ့ခံရတဲ့ အာအိုစီ ရွာသား ဦးအောင်ငွေက “၉၂ ကနေပြီးတော့ စစ်အုပ်ချုပ်ရေးကနေ ကျနော်တို့ရွာကို မတော်မတရားနဲ့ ဖျက်ဆီးပစ်တာ။ ဖျက်ဆီးပြီးတော့ ပျော် ဘွယ်ရဲ့ အနောက်ဘက် ရိုးကြီးထဲကို ကျနော်တို့ကိုပို့တယ်။ အခုတော့ ကျနော်တို့ရွာသူရွာသားတွေဟာ သေကြေပျက်စီးလို့ မနေရဲလို့ရွှေ့လာတယ်။ လူငါးဆယ်လောက် ငှက်ဖျားမိပြီးသေကြပါတယ်” လို့ ပြောပါတယ်။

အာအိုစီကျေးရွာကို စစ်အာဏာရှင်တွေနဲ့ စွမ်းအင်ဝန်ကြီးဌာနတို့က ၀င်ရောက်ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံ ရွာသူရွာသားတွေဟာ အနီးအနားက ကျေးရွာတွေကို သွားရောက်နေခဲ့ရပြီး မိမိတို့ယာတွေကို လာရောက် လုပ်ကိုင်ခွင့်ရပေမယ့် အလှမ်းဝေးတဲ့အတွက် အဆင်မပြေဖြစ်နေကြတာပါ။

[caption id="attachment_71038" align="alignleft" width="300"]ဒေါ်ကြည်ထွေး ဒေါ်ကြည်ထွေး[/caption]

ပြောင်းရွှေ့ခံရတဲ့ အာအိုစီကျေးရွာ သူ ဒေါ်ကြည်ထွေးက “ရွာဖျက်တော့ တောထဲ မှာနေရတာ။ ကလေးရှိတယ်။ ကလေးက ၄ လသားရှိသေးတယ်။ အိမ်ဖျက်တဲ့နေရာကို အိမ်သားက လိုက်သွားတာ။ လိုက်သွားပြီး ဒီလည်းပြန်ရောက်ကော ငှက်ဖျားဖြစ်ပြီး သေလို့ ၄ လသားလေးနဲ့ ကလေးငါးယောက်နဲ့ လုပ်ကိုင်စားခဲ့ရတယ်။ လုပ်ကိုင်စားရင်းနဲ့ တောထဲမှာ နေရင်း နေလို့မကိုက်တော့ဘူးဆိုပြီး ဒီဘုရားထောင့်လေးနားရွှေ့နေတာ။ ဘုရားထောင့်လေးနားလုပ်ကိုင်စားနေတာပေါ့။ လူတွေတော်တော်လေးများတယ် တဲလေးတွေထိုးပြီးတော့ပေါ့။ အဲမှာတခါနေပြန်တော့ စစ်သားတွေက လာပြီးတော့ ရွှေ့ရမယ်မနေရဘူး။ နေပါရစေ၊ ရွာလည်းမရှိလို့ပါဆိုတော့ မမြင်ချင်ဘူးဆိုပြီး အမေကြီးတို့က ရေသရွာကိုရွှေ့သွားရတယ်။ ရွှေ့သွားရတော့ ၀ိုင်းလည်းမရှိဘူး၊ အိမ်လည်းမရှိဘူး” လို့ ပြောပါတယ်။

၂၀၁၄ မေလက အာအိုစီကျေးရွာကို ပြန်လည်နေထိုင်ခွင့်ပြုဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကို စာရေး တင်ပြခဲ့ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလက မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံကာ ကိုယ်ယာကိုယ်ရောင်းပြီး အိမ်ဝယ်နေဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

[caption id="attachment_71039" align="alignleft" width="300"]ဦးနေမျိုးကျော် ဦးနေမျိုးကျော်[/caption]

မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က “ပြီးခဲ့တဲ့ ၁၀ လပိုင်း ၂၄ ရက်တုန်း ကတော့ ပြန် လည်တောင်း ဆိုတဲ့ကျေးရွာ သူ ကျေးရွာသားတွေရဲ့ ကိုယ်စားပေါ့နော်။ ဦးဆောင် သူ လေးငါးခြောက်ဦး ကိုခေါ်ပြီးတော့ တွေ့ တယ်။ အဲဒီမှာ  ဒေသခံရွာသူရွာသားတွေနဲ့ အပြန်အလှန်ပြောဆိုမှုမှာလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က တုံ့ပြန်တာက ရွာနာမည်အဖြစ် ပြန်လည်ရပ်တည်ခွင့်ပေးမယ်။ သို့သော်လည်း ကိုယ့်မှာရှိတဲ့ လယ်တွေယာတွေကို ပေါင်နှံပြီး ရောင်းပြီးတော့သာ လက်ရှိ ရယက ရေသရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပလပ်တဲ့မြေတွေမှာ ရွာပြန်တယ်နေပါ။ ပြောတာကတော့ အလွန်တရာ တရားလက်လွန်ကျတဲ့ကိစ္စပေါ့ဗျာ” လို့ ပြောပါတယ်။

အာအိုစီ ကျေးရွာသူကျေးရွာသားတွေကတော့ မိမိတို့ရွာ ဒါမမဟုတ် မိမိတို့ယာတွေနဲ့ အနီးဆုံးမှာ ပြန်နေချင်နေတာပါ။ အဲ့ဒီအတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကို ဆက်ပြီးတင်ပြသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013